သင်္ဂတုံကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေအတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Mar 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သင်္ဂတုံကျေးရွာအုပ်စု၊ သင်္ဂတုံကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းမှ အတိုးရငွေကျပ် (၁၀.၀၀) သန်းနှင့် ပြည်သူပူးပေါင်းပါဝင်မှု ကျပ် (၅.၀၀) သန်း စုစုပေါင်းကျပ် (၁၅.၀၀) သန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း အရှည် (၈၂၅) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေကို စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ခင်မီမီအောင် (လက်ထောက် ညွှန်ကြားရေးမှူး)၊ ဒေါ်တင်မြင့်ခိုင် (ဦးစီးအရာရှိ) နှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများက မတ်လ (၈) ရက်၊ မွန်းလွဲ (၂) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။