သတင်းများ

ပေါင်းတည်၌ နွေစပါးစိုက်ပျိုးခင်းအတွင်း ပေါင်းမြက်နှုတ်ပယ်မှုလုပ်ငန်း စတင်ဆောင်ရွက်
Apr 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် နွေစပါးစိုက်ပျိုးခင်းများ၌ ပေါင်းမြက်ကင်းစင်ရေးအတွက် တောင်သူများသည် ပေါင်းမြက်နှုတ်ပယ်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ကြကြောင်း သိရသည်။
မုံရွာမြို့၌ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ‌ကျင်းပ
Apr 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၌ ယမန်နေ့ နံနက် ၁၀ နာရီက ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Apr 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လင်းခေးတွင် သာမဏေများ ပရိယတ္တိနွေရာသီ သင်တန်းဖွင့်လှစ်လျက်ရှိ
Apr 05,2024
ရှမ်းပြည်နယ်လုံးဆိုင်ရာ သာမဏေများ ပရိယတ္တိနွေရာသီသင်တန်း (Pariyatti Summer Schoolfor Novices) ကိုလင်း ခေးမြို့၊ မဟာဝိဟာရကျောင်းကြီး ကျောင်းပရိယတ္တိစာသင်တိုက် သုံးထပ်ကျောင်းဆောင်သစ်၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့)ကွန်ပျူတာသင်တန်း ဆက်လက်သင်ကြား
Apr 05,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အတတ်ပညာတစ်ခုကို သင်ကြားတတ်မြောက်ထားမှုရှိစေရန် ရည်ရွယ်၍ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်းကို မတ်လ ၂၂ ရက်နေ့မှ သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင်စတင်ဖွင့်လှစ်ကာ ဆက်လက်သင်ကြားလျက်ရှိကြောင်း  သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ပညာရေးမှူးရုံးက ကြီးမှူးဖွင့်လှစ်သော ၂၀၂၄ ခုနှစ်၊ နွေရာသီသင်တန်းများဖွင့်ပွဲနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်
Apr 05,2024
ကျောင်းသားလူငယ်များ၏ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်များဖြစ်ထွန်းလာစေရေးတို့အတွက် ကချင်ပြည်နယ် ပညာရေးမှူးရုံးက ကြီးမှူးဖွင့်လှစ်သော ၂၀၂၄ ခုနှစ်၊ ဘင်ခရာ၊ အိမ်တွင်းမှု၊ ကင်းထောက်၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ယဉ်ကျေးလိမ္မာ အစရှိသည့်နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၄ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
မိုင်းယောင်းမြို့၌ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆက်လလက်ဆောင်ရွက်
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားအား ယနေ့နံနက်(၁၀)နာရီအချိန်က အနောက်ပိုင်းရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။