လင်းခေး ဧပြီ ၅
ရှမ်းပြည်နယ်လုံးဆိုင်ရာ သာမဏေများ ပရိယတ္တိနွေရာသီသင်တန်း (Pariyatti Summer Schoolfor Novices) ကိုလင်း ခေးမြို့၊ မဟာဝိဟာရကျောင်းကြီး ကျောင်းပရိယတ္တိစာသင်တိုက် သုံးထပ်ကျောင်းဆောင်သစ်၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ရှမ်းပြည်နယ်လုံးဆိုင်ရာသာမဏေများ (၅၃) ပါး တက်ရောက်လျက်ရှိရာ၊ ကာလိမြို့မှ (၃) ပါး၊ မိုင်းကိုင်မြို့မှ (၄) ပါး၊ မိုင်းတုံမြို့မှ (၉) ပါး၊ မိုင်းရှူးမှ (၂) ပါး၊ လွိုင်လင်မှ (၁) ပါး၊ လားရှိုးမှ (၃) ပါး၊ မိုင်းနောင်မြို့မှ (၂) ပါး၊ မိုးနဲမြို့မှ (၃) ပါး၊ မိုင်းပွန်မြို့မှ (၂) ပါး၊ မိုင်းရယ်မြို့မှ (၄) ပါး၊ ဆီဆိုင်မြို့နှင့် ဘန်းယဥ်မြို့မှ (၂) ပါး၊ ဟိုမိန်းမြို့မှ (၃) ပါး၊ လင်းခေးမြို့မှ (၆) ပါးနှင့် လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်၊ မကျိုင်းမွန်းပရိယတ္တိဘုန်းတော်ကြီးကျောင်းမှသာ (၉) ပါး စုစုပေါင်းသာမဏေ (၅၃) ပါးတို့ တက်ရောက်သင်ယူလျက်ရှိပါသည်။
သင်တန်း၌ မြန်မာစာဘာသာရပ်၊ English၊ သင်္ချာ၊ လူမှုရေးဘာသာရပ်၊ အလင်္ကာဘာသာရပ်နှင့် ပါဠိဘာသာရပ်သင်ခန်းစာ (၆) မျိုးကို ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၁၈) ဦး၊ ပါဠိဘာသာရပ်အား ဆရာတော်သံဃာတော်များက ဘာသာရပ်အလိုက် ပို့ချချိန် တစ်နာရီ၊ နည်းပြတစ်ဦးလျှင် တစ်ရက်လျှင် (၂) ကြိမ်စီဖြင့် သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းကာလမှာ (၄၅) ရက်ကြာမြင့်မည်ဖြစ်ကြောင်း အဆိုပါသင်တန်း ကြီးကြပ်သူများထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)ခရိုင် ပြန်/ဆက်