သတင်းများ

သမိုင်းဝင်အညာသီဟတော ရွှေဆင်းတုတော် (၃၂) ကြိမ်မြောက် ဒေသစာရီကြွချီအပူဇော်ခံမည်
Feb 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အတွင်း၌ တည်ရှိသော သမိုင်းဝင် အညာသီဟတော ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း (၁၀) ရက် (၃-၃-၂၀၂၀) ရက်နေ့မှ တပေါင်းလပြည့်နေ့ (၈-၃-၂၀၂၀) ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိသည်။
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး
Feb 25,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့ဝင်များအား အသိပညာပေး ဟောပြောပွဲကို ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်
Feb 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်း ကစ၍ ကျေးရွာများအရောက် သွားရောက်ဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံ​မြို့၌ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ (အခမဲ့) သင်တန်းဖွင့်
Feb 25,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် “လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ(အခမဲ့)သင်တန်း” ကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ က ကျင်းပသည်။
စဉ့်ကူးမြို့နယ် မင်းရွာကျေးရွာတွင် "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်း ကျင်းပမည်
Feb 25,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် အမှတ် (၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော "ကျေးလက် ဒေသ ဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းကို မင်းရွာကျေးရွာအုပ်စု၊ မင်းရွာကျေးရွာ ရွာလယ်(ဓမ္မာရုံ) တွင် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်ပပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကနီကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
Feb 25,2020
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ကနီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဖွင့်ပွဲ မယ်စဲ့ မြို့နယ်တွင် ကျင်းပ
Feb 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၁) နာရီက မယ်ဆည်နမ်ကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။
အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့် မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် Wheel Chairs ပေးအပ်လှူဒါန်းခြင်း အခမ်းအနား တီးတိန်၌ ပြုလုပ်
Feb 25,2020
ချင်းပြည်နယ် တီးတိန်မြို့၌ အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးအသိပညာပေး ဟောပြော ပွဲနှင့် တီးတိန်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် Wheel Chairs ပေးအပ်လှူဒါန်းခြင်းကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး (Dingdi Dream Organization နာယက) ဒေါက်တာအန်နာရွှေလွှမ်း ဦးဆောင်ပြီး မြို့မ BAG အသင်းတော်ဘုရားကျောင်း၌ ယမန်နေ့က ပြုလုပ် သည်။