သတင်းများ

မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများအကြောင်း သိကောင်းစရာများနှင့် မျိုးချစ်စိတ်ဓာတ်ထက်မြက်ရေး၊ ဗလငါးတန်ကြံ့ခိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 28,2024
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စု (မော်လမြိုင်) တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများအကြောင်း သိကောင်းစရာများနှင့် မျိုးချစ်စိတ်ဓာတ်ထက်မြက်ရေး၊ ဗလငါးတန်ကြံ့ခိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် အခန်း(၁၅)ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေဆိုင်ရာ မှုခင်းအသိပညာပေးဟောပြောပွဲပြုလုပ်
Aug 28,2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဥပဒေဆိုင်ရာ မှုခင်းများနှင့် ပတ်သက်၍ သိရှိနားလည်စေရန် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Aug 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁၁၈)ရပ်ကွက်နှင့် ရွာသာကြီးရပ်ကွက်တို့တွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဘိုကလေးတင့်အောင်စာကြည့်တိုက်တွင် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Aug 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရစာကြည့်တိုက် တစ်ခုဖြစ်သော ဘိုကလေးတင့်အောင်စာကြည့်တိုက်တွင် စာကြည့်တိုက်သက်ဝင် လှုပ်ရှားမှုရှိစေရေး၊ ကျောင်းသားလူငယ်များ စာပေ၌ မွေ့လျော်စေရေးနှင့် ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တို့ကိုရည်ရွယ်ကာ  ယနေ့နံနက်(၁၁)နာရီ အချိန်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အသိပညာပေး ဟောပြောပွဲနှင့်အတူ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပဆောင်ရွက်သည်။
ကျိုက်လတ်မြို့နယ်၌ “ရွှေညောင်ပင်ကျေးရွာစာကြည့်တိုက်” အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Aug 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ရွှေညောင်ပင် ကျေးရွာတွင် ယနေ့ နံနက်(၉)နာရီက “ရွှေညောင်ပင် ကျေးရွာစာကြည့်တိုက်” အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပခဲ့သည်။
လပွတ္တာ မြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 28,2024
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ပညာကောင်းစွာ သင်ယူနိုင်စေရန်၊ အနာဂတ်အတွက် အားထားရသည့်သားသမီး ရတနာများဖြစ်နိုင်ကြစေရန်အတွက် ကျောင်းကျန်းမာရေး ရက်သတ္တပတ်စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ အ.မ.က ၆‌ ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့၌ ဆန်၊ စားအုန်းဆီနှင့်ကြက်သွန်နီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Aug 28,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည် သူများ နေ့စဥ်လူမှုဘဝစားသောက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ် (၃) ရပ်ကွက် တပင်ရွှေထီးဘမ်းဘေး (ဇဗ္ဗူထွန်းရွှေဆိုင်ရှေ့) ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၌ သန်းခေါင်စာရင်းဆိုင်ရာ​နှင့် မျောက်ကျောက်ရောဂါအသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 28,2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ပြည်သူများသိရှိနားလည်စေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ဝေထားသည့် ပြည်သူအားလုံးပါဝင်လို့သန်းခေါင်စာရင်းကောက်ကြစို့ လက်ကမ်းစာစောင်နှင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပါ်အခြေအနေအဖြစ် ကြေညာခဲ့သည့်အတွက် ပြည်သူများအထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေထားသည့် Mpox (မျောက်ကျောက်)ရောဂါ ကာကွယ်ရေးနှိုးဆော်ချက် လက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မင်္ဂလာစျေးရှေ့နှင့် စျေးအတွင်း၌ ဈေးရောင်းဈေးဝယ်ပြည်သူများအား ယနေ့ နံနက် (၇) နာရီ အချိန်က ခန္တီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေဦးဆောင်၍ ခန္တီးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာ​​ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။