သတင်းများ

ပန်းတောင်းမြို့နယ် အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအား (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တတ်လျက်ရှိရာ ယနေ့တွင် မြစ်ကမ်းနံဘေး မြေနိမ့်ကျေးရွာများအပြင် ပန်းတောင်းမြို့ပေါ် ရပ်ကွက်များအထိ ရေဝင်ရောက်နေသဖြင့် မြို့နယ်အုပ် ချုပ်ရေးမှူးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ပရဟိတအဖွဲ့များက ကယ်ဆယ်ရေးစခန်းများဖွင့်ကာ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများတွင် မိမိအမည် ပါရှိစေရေး အသိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်း များတွင် မိမိအမည်ပါရှိစေရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် မြို့မဈေးအတွင်းနှင့် ယာယီပျံကျဈေးတို့၌ အသိပေး ပိုစတာများ လိုက်လံဖြန့်ဝေ ပေးသည်။
ရွာသစ်မြို့တွင် အာဖရိကဝက် အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာနှင့် အခြေခံမွေးမြူရေး အကြောင်း အသိပညာပေး
Aug 05,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကယားပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာနှင့် အခြေခံမွေးမြူရေး အကြောင်း အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ကယားပြည်နယ်၊ ရွာသစ်မြို့ ဝမ်လွဲ့ကျေးရွာ ခန်းမဆောင်၌ ကျင်းပသည်။
သီပေါတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်
Aug 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club) ၊ လူငယ်အသင်း ( Youth Club) တို့ပူးပေါင်း၍စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေး ဖလှယ်နိုင်စေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်အမည်စာရင်းများကို သြဂုတ်လ ၇ ရက်နေ့မတိုင်မီထိ လာရောက်ကြည့်ရှုကြ
Aug 05,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈) နှစ်ပြည့်ပြီးသူများ မဲဆန္ဒရှင်အမည်စာရင်းများကို သြဂုတ်လ ၇ ရက်နေ့မတိုင်မီထိ လာရောက်ကြည့်ရှု၍ရကြောင်း သိရသည်။
ပန်နန်းဒင်မြို့၌ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်
Aug 05,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၌ ရုံး၀န်ထမ်းများ အခြေခံကွန်ပျူတာ တတ်မြောက်စေရန် ရည်ရွယ်ပြီး ကွန်ပျူတာသင်တန်း(၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပန်နန်းဒင်မြို့ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်သည်။