Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
သရက်ချောင်းမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချ
Aug 07,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများအား ထုတ်ပြန်ကြေညာ
Aug 07,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အသက်၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသုများစာရင်းကို ဇူလိုင်လ၂၅ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများ၌ ထုတ်ပြန်ကြေညာလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ကို ပြည်သူများထံသို့ ဖြန့်ဝေပေး
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက ပြည်သူများထံသို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ ကျေးရွာလူထုများ၏ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေလွှဲပြောင်းပေးအပ်
Aug 07,2020
စိုက်ပျိုးရေး၊ မွေမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလ ကျေးရွာလူထုများ၏ စီးပွားရေးထိခိုက်မှုကို ကုစားရန် ရည်ရွယ်၍ ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအား ကျေးရွာလည်ပတ်ရန်ပုံငွေအဖြစ် ထောက်ပံ့ငွေမတည်ပေးပြီး အိမ်ထောင်စုများထံ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြင့် ရေရှည်တည်တံ့လည်ပတ်စေမည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ငွန်ဆိုင်း ကျေးရွာစာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန် ငါးမျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Aug 07,2020
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက် ကုန်ငါးမျိုး ထောက်ပံ့ရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့ သည့် အခြေခံလူတန်းစား အိမ်ထောင်စုများ အား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ကံကလေး၊ တောင်ပို့သာယာ၊ ကဇင်းကြီး၊ သစ်နဖား၊ စပါယ်မျှောင်နှင့် တယ်ပင်ကန် ကျေးရွာအုပ်စုများသို့ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ် ရေး အသိပညာပေးဆောင်ရွက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ခါမ်းပါတ်မြို့ စည်ပင် သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီညှိနှိုင်းဆွေးနွေး
Aug 07,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တော်ဝင် စန္ဒကူးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 07,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းဆန္ဒမဲပေးနိင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ပန်ဆန်းကျေးရွာအုပ်စု၊ နောင်လှိုင် ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30898
Page
30899
Page
30900
Page
30901
Current page
30902
Page
30903
Page
30904
Page
30905
Page
30906
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department