ခါမ်းပါတ် ၊ သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ခါမ်းပါတ်မြို့ စည်ပင် သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံ ဒေါက်တာအောင်နိုင်ဦးနှင့် ဝန်ထမ်းများ စည်ပင်သာယာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက အာဖရိကဝက်အပြင်း ဖျားရောဂါ ကာကွယ်ရေး အသိပညာပေးနိုးဆော်ချက်ဆိုင်းဘုတ် ချိတ်ဆွဲ ဆောင်ရွက်ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
အဆိုပါ အာဖရိကဝက်အပြင်းဖျားရောဂါ သည် လူသို့ကူးစက်ခြင်းမရှိကြောင်းနှင့် ကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခြင်း လုပ်ငန်းများ ကို ကျေးရွာများအထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။
သားငယ်(ပြန်/ဆက်)