ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၃၇)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 07,2020
ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၅ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၂၆)ဉီးနှင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က(၁၁)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၃၇) ဉီးတို့အား လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်း ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။