သတင်းများ

ကျောက်မဲမြို့နယ်၊ ကျူရှော(တောင်) ကျေးရွာအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ပျက်စီးသွားသော အိမ်ထောင်စု ၆ စုအတွက် ထောက်ပံ့ကြေးများပေးအပ်
Aug 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကျူရှောကျေးရွာအုပ်စု၊ ကျူရှော(တောင်) ကျေးရွာတွင် ဩဂုတ်လ ၃ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန် ပျက်စီးခဲ့သည့် လူနေအိမ် ၆ လုံးအတွက် ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ်နှင့် ဝန်ထမ်းများက သက်ဆိုင်ရာ မိသားစု များအား ငွေကြေးနှင့် ပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လစဉ်မွေးကင်းစမှအသက်(၁)နှစ်ခွဲ အထိ ကလေးငယ်များအား အသက် အရွယ်အလိုက် ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ဆောင်ရွက်ပေးကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ ကျောင်းများသို့ mask ၊ ဆပ်ပြာအဆီနှင့် hand gel များလှူဒါန်း
Aug 07,2020
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကိုဗစ်ကာလအတွင်း ကျောင်းတက်ချိန်များတွင် ကျောင်းသူ/ကျောင်းသားများ အသုံးပြုရန်အတွက် mask ၊ ဆပ်ပြာအဆီ၊ hand gel များ လှူဒါန်းပေးခြင်းကို မြို့နယ် ပရဟိတ ဝါသနာပါသူ လူငယ်များ စုစည်းထားသော Second Family အဖွဲ့မှ လှူဒါန်းပေးလျက်ရှိသည်။
နန်းယွန်းမြို့နယ်၊ ဟာဝါးကျေးရွာတွင် Cash For Work စီမံကိန်းလုပ်ငန်း(၄)ခုအနက် တတိယမြောက် လုပ်ငန်းဖြစ်သည့် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဟာဝါးကျေးရွာ တွင် မြို့နယ်ကျေးလက်ဒေသဖံွ့ဖြိုး တိုးတက်ရေးဦးစီးဌာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၁၃)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ
Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့်(၂)အား မွမ်းမံသင်တန်းဖွင့်လှစ်
Aug 07,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် Mobile Tablet အသုံးပြု၍ ပြည်သူ့ ကျန်းမာရေးကြီးကြပ်အဆင့်(၂) မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ခြင်​ဆေးဖျန်းခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ဆောင်ရွက်
Aug 07,2020
အလုံမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူစာကြည့်တိုက်သို့ လာ​ရောက်​သော စာဖတ်ပရိတ်သတ်များနှင့် ဝန်ထမ်း များအား ခြင်​ကြောင့်ဖြစ်ပွားတတ်​သော ​သွေးလွန်တုပ်​ကွေး​ရောဂါနှင့် အခြား​ရောဂါများ ကင်း​ဝေး​စေ​ရေအတွက် ယ​နေ့ မွန်းလွဲ(၃)နာရီ အချိန်က ​ခြင်​ဆေးဖျန်းခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်းလုပ်ငန်းများကို ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ အထက်တန်းကျောင်း တန်းစီကွင်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်းဆောင်ရွက်
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ အထက်တန်းကျောင်း တန်းစီကွင်းတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့က ထောက်ပံ့သော ဘိလပ်မြေဖြင့် ယမန်နေ့ကစ၍ ဆောင်ရွက်နေကြောင်းသိရသည်။