Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့်(၂)အား မွမ်းမံသင်တန်းဖွင့်လှစ်

ဗန်းမော်     ဩဂုတ်   ၇

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် Mobile Tablet အသုံးပြု၍ ပြည်သူ့ ကျန်းမာရေးကြီးကြပ် အဆင့်(၂) မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ဆေးရုံအုပ်ကြီးကိုယ်စား ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာ ဒေါ်သီသီခိုင်က Covid-19 ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း (၅)မျိုး၊ ကျန်းမာရေး ကြီးကြပ်စစ်ဆေးရေး လုပ်ငန်းများကို သားဖွားဆရာမများက ကာကွယ်ဆေး ထိုးခြင်း၊ ကာကွယ်ဆေးတိုက်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ကိုယ်ဝန်ဆောင်များအား စောင့်ရှောက်ရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းကြီးကြပ်(၂)အားလုံးက Disease Control ရောဂါကာကွယ်နှိမ်နင်းရေး အပိုင်းကို ကြိုးကြိုးစားစား သေသေချာချာ တိတိကျကျ လိုက်နာမှတ်သား ဆောင်ရွက်နိုင်ဖို့အတွက် ၎င်းသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

အဆိုပါသင်းတန်းသို့ ဗန်းမော်မြို့နယ်အတွင်းမှ  ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)အဆင့်ရှိ သင်တန်းသား/ သင်တန်းသူ ၃၀ ဦး တက်ရောက်ကြပြီး ၎င်းသင်တန်းကို ဩဂုတ် ၇  ရက်မှ ၁၁ ရက်နေ့ အထိ နေစဉ်နံနက် (၉) နာရီမှ ညနေ(၄)နာရီအထိ ၅ ရက်ကြာ  သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မျိုးလှိုင်(ပြန်/ဆက်)