သတင်းများ

ဘီးလင်းမြို့နယ်၌ ဝက်မွေးမြူရေး သင်တန်းဖွင့်လှစ်
Aug 07,2020
ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Covid - 19 ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေးအတွက် ဝက်မွေးမြူရေးသင်တန်းကို အနိုင်းပွန်ကျေးရွာအုပ်စု တောင်ကလေးကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် မူကြိုကျောင်းလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ပခုက္ကူမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်‌ဆောင်ရွက်သည့်ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ကွင်းဆင်းကြီးကြပ်
Aug 07,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပခုက္ကူမြို့နယ်၊ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းနှင့်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြီးကြပ်ခဲ့ကြသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်း ပြောင်းဖူး (၁၀၀.၂) ဧက ပျက်စီး
Aug 07,2020
လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်း တောင်သူ(၆၆)ဦး၏ ပြောင်းဖူး ဧက (၁၀၀.၂) ကို ယနေ့နံနက်ပိုင်းက ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်(Grade-4) သင်ရိုးသစ် မြို့နယ်အဆင့် Face to Face နောက်ဆက်တွဲ ဆင့်ပွားသင်တန်းဖွင့်လှစ်
Aug 07,2020
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် (Grade-4)သင်ရိုးသစ် မြို့နယ် အဆင့် Face to Face နောက်ဆက်တွဲ ဆင့်ပွားသင်တန်းကို လယ်ပြင်ရပ်ကွက်ရှိ မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယမန်နေ့ နံနက် ၉ နာရီကစတင်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။
ချောက်မြို့နယ် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဝင်ကျေးရွာ‌များအား ရန်ပုံငွေများလွှဲပြောင်းပေးအပ်
Aug 07,2020
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အ‌ထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းဝင်ကျေးရွာ‌များအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် မြို့နယ်အမျိုးသမီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဆောမြို့ မိုးကုတ်ရိပ်သာ Quarantine Centre ရှိ နေရပ်ပြန် ၅ ဦးအား ဓာတ်ခွဲနမူနာရယူ
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ မိုးကုတ်ရိပ်သာတွင် Quarantine ထားရှိသော ပြည်ပမှ နေရပ်ပြန် များအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ ဓာတ်ခွဲ အတည်ပြုနိုင်ရေးအတွက် ဆောမြို့နယ် ပြည်သူ့ဆေးရုံဓာတ်ခွဲခန်းမှ ဒေါ်ထက်ထက်နွယ်ဦးနှင့် တာဝန်ရှိသူများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များရယူ၍ စစ်ဆေး ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။