သတင်းများ

မိုင်းပန်မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း လုပ်ငန်းများဆောင်ရွက်
Aug 07,2020
၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် မိုင်းပန်မြို့နယ် အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ဆုံးရှုံးမှု မရှိစေရန် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်း လုပ်ငန်းများ အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များမှ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေငြာသည့် ကာလအတွင်း ကြိုးပမ်းလုပ်ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကျွန်းသစ်အရှေ့ မူတန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ လက်ပံကျွန်းအုပ်စု ကျွန်းသစ်အရှေ့ ကျေးရွာ မူလတန်းကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှုကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အရည်အသွေး စစ်ဆေးရေး ကော်မတီမှ သွားရောက်ကြည့်ရှု ကွင်းဆင်း စစ်ဆေးခဲ့သည်။
လွိုင်ကော်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များ အစည်းအဝေး ကျင်းပ
Aug 07,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လွိုင်ကော်မြို့နယ် အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက် ပိုင်းက လွိုင်ကော်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မင်းတုန်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးအေးမင်းထွန်းက အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက စီမံကိန်းကျေးရွာ ရွေးချယ်မှုနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား အခြေခံစားကုန်များထောက်ပံ့ပေးအပ်
Aug 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်သည့်အခမ်းအနားကို သြဂုတ်လ ၇ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှုအား ရက်တိုးမြှင့် သတ်မှတ်
Aug 07,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ၂၀၂၀-ပြည့်နှစ် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၇)ရက်နေ့ အထိ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် (၂)ပတ် ကြာ ကပ်ထားကြေညာပေးလျက်ရှိပါသည်။
မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေအမှတ် ၁၄၉၉ စင်တီမီတာအထိ ပြန်လည်ကျဆင်း
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်သည် ရေအမှတ် ၁၄၉၉ စင်တီမီတာအထိ ပြန်လည်ကျဆင်းသွားကြောင်း မြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။