သတင်းများ

ပင်လည်ဘူးမြို့၌ (Cash for Work)စီမံကိန်း‌ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် VDP စီမံကိန်းဖြင့်ဆောင်ရွက်သောလုပ်ငန်းပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်​ဆေး
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (CERP) အစီအစဉ်အရ (Cash for Work) စီမံကိန်းလုပ်ငန်း တစ်ရွာ လျင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ကျေးရွာ (၆)တွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်‌လျက်ရှိရာ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်
ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာတွင် ရေလိုအပ်ချက်နည်းသည့် စပါးအစွမ်းဖွင့် စိုက်နည်းစနစ် (SRI) ကို လက်တွေ့အသုံးချစိုက်ပျိုးနိုင်ရေး သင်တန်းပို့ချ
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာတွင် ရေလိုအပ်ချက်နည်းသည့် စပါးအစွမ်းဖွင့်စိုက်နည်းစနစ် (SRI)ကို လက်တွေ့အသုံးချစိုက်ပျိုးနိုင်ရေး ယမန်နေ့ နံနက် (၉) နာရီက အဆိုပါ ကျေးရွာဘုန်းကြီးကျောင်းတွင် သင်တန်းပို့ချသည်။
တုံတာမြို့အခြေခံပညာအထက်တန်းကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စနစ်တကျလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် နောင်ကွဲအုပ်စု၊ ပန်တားလေ အထက်တန်းကျောင်းများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်များနှင့် အညီ စနစ်တကျလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိအခြေအနေများကို ကျောင်းကျန်းမာ ရေး တာဝန်ရှိသူများက ယနေ့နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယင်းမာပင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ရုံးဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 07,2020
သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ခရိုင်ရုံးဖွင့်ပွဲ အခမ်းအနားကို ယနေ့ ၉ နာရီခွဲ က ယင်းမာပင်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာဆောင်ရွက်ထားရှိမှုအား ပြည်သူများ ကြည့်ရှု့၍ အချက်အလက်မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား
Aug 07,2020
ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာများအလိုက် ဇူလိုင်လ(၂၅) ရက်နေ့မှ သြဂုတ်လ(၇)ရက်နေ့အထိ မဲဆန္ဒရှင်အမည်စာရင်းများ ပထမအကြိမ်ကပ်ထားကြေငြာခြင်းကို ရပ်ကွက် ကျေးရွာအတွင်းရှိ ပြည်သူများက လာရောက်ကြည့်ရှုပြီး အချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုနိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းရှင်းလင်းဆွေးနွေး
Aug 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုနိုင်‌ရေးကို ဥယျာဉ်ရပ်ကွက်ဘုန်းတော်ကြီးကျောင်း၌ ယ‌နေ့ နံနက် ၉ နာရီအချိန်က ရပ်ကွက်နေပြည်သူများအား ရှင်းလင်းဆွေးနွေပေးခဲ့ကြောင်း သိရသည်။
ဒက္ခိဏခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Aug 07,2020
ဒက္ခိဏခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီတွင် ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဇေယျာသီရိမြို့နယ်တွင်တောင်သူများနှင့်အနီးကပ်ထိတွေ့မှုရှိသောစိုက်ပျိုးရေးဝန်ထမ်းများအား မျိုးစေ့ထုတ်နည်းပညာသင်တန်းပေး
Aug 07,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဇေယျာသီရိမြို့နယ်တွင် တောင်သူများနှင့်အနီးကပ် ထိတွေ့မှုရှိသော စိုက်ပျိုးရေးဝန်ထမ်းများအား မျိုးစေ့ထုတ်နည်းပညာသင်တန်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ချက် ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (KC)တွင် ကျင်းပခဲ့သည်။