လဟယ် ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် ကျေးရွာပေါင်း (၉၇) ရွာ၊ ရပ်ကွက် (၅) ရပ်ကွက် မဲရုံပေါင်း (၁၀၅) ရုံရှိကြောင်း သိရသည်။
၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွှေးကောက်ပွဲ အောင်မြင်စွာ ကျင်ပနိုင်ရေးအတွက် ပထမအကြိမ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်အမည်စာရင်း ထုတ်ပြန်ကြေညာချက်အရ မဲပေးပိုင်ခွင့်ရှိသူ ကျား (၁၆၁၉၃) ဦး၊ မ ၁၆၁၃၂ ဦးစုစုပေါင်း (၃၂၃၂၅) ဦး ရှိပြီး ယမန်နေ့အထိ မဲစာရင်း တွင် အမည်စာရင်း မပါသူ ပုံစံ(၃)ဖြင့် တင်သွင်းသူ (၄၈၀) ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ (၁၇၇) ဦး၊ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သူ (၆၄၁) ဦးရှိကြောင်း မဲစာရင်းမှန်ကန်ရေး စိစစ်ဆောင်ရွက်နေကြောင်း မြို့နယ်အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်နှင်းဟေမာန်လွင်ထံမှ သိရသည်။
ရှားဆက် (ပြန်ဆက်)