ပြင်စလူ သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြင်စလူမြို့ပေါ် ရပ်ကွက်(၃) ရပ်ကွက်ရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် သံချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ စတင်တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက အသက်(၅)နှစ်အောက် ကလေးငယ်များအား အစာအာဟာရပြည့်ဝသည့် အစားအစာများ၊ ဗီတာမင်များ ပုံမှန်တိုက်ကျွေးပေးရန်နှင့် ဂရုတစိုက် ပြုစုစောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
ရီရီလွင် (ပြန်/ဆက်)