သတင်းများ

ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများအား ဖေဖော်ဝါရီ (၆) ရက်နေ့မှ (၁၂) ရက်နေ့အထိ တစ်ပတ်တာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့နံနက် (၁၀) နာရီအချိန်တွင် အဆိုပါကောလိပ်၌ ဖွင့်ပွဲကျင်းပဆောင်ရွက်သည်။
ကျိုက်လတ်၌ (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲကျင်းပ
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အရှေ့ဆင်ကူး ကျေးရွာအုပ်စု၊ ချောင်းဒါးမရိုက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှဘာသာရပ်အလိုက် သင်ကြားပို့ချသည့်အခမ်းအနားကျင်းပ
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှဘာသာရပ်အလိုက် သင်ကြားပို့ချသည့် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများအား ယနေ့နံနက် ၈နာရီ ၃၀ မိနစ် အချိန်က မြို့ဝင်တောရအခြေခံပညာအလယ်တန်းကျောင်း ရှေ့၌ ဝမ်းပန်းတသာနှင့် ကြိုဆိုခဲ့ကြပြီး နံနက် (၉) နာရီအချိန်တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ငုဝါဆောင်ခန်းမ၌ ဝိပ္ပံတွဲဘာသာရပ်ကိုလည်းကောင်း၊ မဟာထူပါရုံဘုရား ဓမ္မာရုံ၌ သိပ္ပံတွဲဘာသာရပ်ကိုလည်းကောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မဟာဆောင်ခန်းမ၌ ဝိဇ္ဇာတွဲဘာသာရပ်များအားလည်းကောင်း သင်ကြားပို့ချသည့် အခမ်းအနားကျင်းပပြုလုပ်သည်။
ကျောင်းစာကြည့်တိုက်များနှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်
Feb 06,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာ ရက်တိုသင်တန်းကို ယနေ့နံနက်(၉)နာရီက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲဆောင်ရွက်
Feb 06,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ် မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု‌‌နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ခမောက်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Feb 06,2025
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ချမ်းဖန်း-ဟတ်စခင်း-အော်ကြီးလမ်းကွန်ကရစ်လမ်း (၀/၅)မိုင်ခင်းခြင်း လုပ်ငန်းကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်‌ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Feb 06,2025
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် အ.လ.ကတာကုန်းကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာကုန်းကျေးရွာ အ.လ.က တာကုန်းကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီ အချိန်တွင်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။