သတင်းများ

မော်လိုက်ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ ဒေသန္တရ စီမံကိန်း ပြုစုရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ဒေသန္တရ စီမံကိန်းပြုစုရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွာငံမြို့၌ ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ
Jun 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရွာငံမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့ပေါ်ရှိ lock down ချထားသော နေအိမ်များသို့ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းမှ စားသောက်ကုန်များ ပေးပို့လှူဒါန်း
Jun 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ပေါ်ရှိ lock down ချထားသော နေအိမ်များသို့ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းမှ စားသောက်ကုန်များကို ယမန်နေ့ က ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 28,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ဟိတဓရလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မြို့မဈေးကြီးနှင့် ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ဘားအံမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ ကန်ထရိုက်လယ်ယာစနစ်( Contract Farming ) ဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 28,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကရင် ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ခိုင်မေတ္တာ ဆန်စက်လုပ်ငန်းရှင် တို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးစပါး စိုက်ပျိုးသောတောင်သူများအား အကျိုးတူလယ်ယာ စနစ် ( Contract Farming ) ဆောင်ရွက်ခြင်း သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် စိုက်ပျိုးရေးစရိတ်ချေးငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ဘားကပ်ကျေးရွာရှိ ဘားကပ်နည်းပညာ ပြန့်ပွားရေးစင်တာတွင် ပြုလုပ် ခဲ့သည်။
ကျိုင်းလပ်မြို့၌ စုပေါင်းမိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 28,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ သဘာဝပတ်ဝန်းကျင် ရာသီဥတု စိမ်းလန်းစိုပြေလာစေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက လူထုစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို အမှတ် (၁)ရပ်ကွက်၊ ဝမ်လုံကျေးရွာရှိ စေတီကုန်း၌ စိုက်ပျိုးခဲ့သည်။
ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာအုပ်စာစောင်များ သွားရောက်လှူဒါန်း
Jun 28,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြောင်မထိမ်ကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာ၊ ရောင်ခြည်ဦးစာကြည့်တိုက်သို့ ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစောရဲဝင်းထွဋ် နှင့် ဘုရားသုံးဆူမြို့ မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဇင်မင်းထက်တို့က ယနေ့နေ့နက် ၁၁ နာရီအချိန် က စာအုပ်စာစောင်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။