သတင်းများ

တောင်ငူ၌ ဇွန်လ ၂၉ ရက်နေ့မှ စတင်၍ အခြေခံပညာကျောင်းပေါင်း (၁၉၅) ကျောင်း ခေတ္တယာယီ ပိတ်ထားမည်
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ဖွင့်လှစ်သင်ကြားခဲ့သည့် အခြေခံပညာ ကျောင်းပေါင်း ၁၉၅ ကျောင်းကို ဇွန်လ ၂၉ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် ရက်သတ္တပတ်နှစ်ပတ်ကြာ ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ရုံးမှ သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများထုတ်ချေးပေး
Jun 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက်  ကွာဟမှုလျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ များကို ယနေ့မွန်းလွဲ(၁)နာရီက အိုးထိန်းတောင်ကျေးရွာ နှင့်ဖောင်ဇင်းကျေးရွာ တို့တွင် ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်၊၊
အုတ်ဖိုမြို့နယ် မြို့တော်ခန်းမ စတိတ်ခုံ ပြုပြင်ဆောက်လုပ်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းပြီးစီး
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှ မြို့ကျက်သရေဆောင်နေရာ ဖြစ်သည့် မြို့တော်ခန်းမ စတိတ်ခုံပြုပြင်ဆောက်လုပ်ခြင်းလုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ဆည်တော်လေးဆည်အတွင်းသို့ ငါးမျိုးကောင်ရေ ၅ သိန်း စိုက်ထည့်
Jun 28,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီး၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ဆည်တော်လေးဆည်အတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မံစီမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး
Jun 28,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မောရဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၉ နာရီက ရပ်ကွက် အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးခရိုင်အဆင့်ကော်မတီထံသို့ အလှူရှင်များမှ လှူဒါန်း
Jun 28,2021
လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်လုပ်ငန်းကော်မတီထံသို့ ယနေ့ နေ့လည် (၁)နာရီအချိန် က ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အသုံးပြုနိုင်ရန် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Jun 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုလုပ်ငန်း များအား ကျုံဘုတ်ချောင်းတွင် ယမန်နေ့ ညနေ ၂ နာရီက ပြုလုပ်ခဲ့သည်။