ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံကွန်ပြူတာသင်တန်းဖွင့်လှစ်ပေးမည်
Jun 28,2021
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလူငယ်များ အလုပ်အကိုင်အခွင့်အလန်းများရရှိစေရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် အခြေခံကွန်ပြူတာသင်တန်းကို ဇူလှိုင်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါ သင်တန်း သို့ တက်ရောက်လိုသူများအနေဖြင့် ဇွန် ၃၀ ရက်နေ့ထက်နောက်မကျစေဘဲမြို့နယ်ရုံးသို့ လာရောက် စာရင်းပေးသွင်းရန်လိုအပ်မှာဖြစ်ပြီး ကျား ၇ ဦး မ ၈ ဦး စုစုပေါင်း ၁၅ ဦး အားသာ သင်ကြား သွားမည်ဖြစ်သည်။