သတင်းများ

မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ COVID - 19 ကုသရေးစင်တာ ဖွင့်လှစ်
Jun 28,2021
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် မရမ်းကုန်းမြို့နယ်မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ COVID - 19 ကုသရေးစင်တာ ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ဒိုက်ဦးမြို့နယ်တွင် နှာခေါင်းစည်း Mask Campaign အခမဲ့ဝေငှခြင်းနှင့် Covid-19 အသိပညာပေး ဆောင်ရွက်
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့် ဦးဆောင်၍ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ အခမဲ့ တပ်ဆင်ပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့နံနက် ၈ နာရီက မြို့လည်လေးကျွန်းတာဆုံမီးပွိုင့်၊​ မြို့စျေးကြီးရှေ့တို့၌ ဆောင်ရွက်သည်။
ပုဏ္ဏားကျွန်းမြို့နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် မြေသားတာဘောင်ဖို့ခြင်း နှင့် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jun 28,2021
စစ်တွေခရိုင် ၊ ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွား၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်နေအရွယ်ကလေးများ ပညာရေးအဆင်ပြေ အောင်မြင် ရေးကို ရည်ရွယ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း ၃၆ ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့်ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ
Jun 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
လပွတ္တာခရိုင်၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 28,2021
ရာသီဥတုမျှတစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သဘာသယံဇာတအရင်းအမြစ်များ ရေရှည် တည်တံ့နိုင်စေရန် ရည်ရွယ်၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကို လပွတ္တာခရိုင်၊ (၃)မိုင်မြို့သစ် အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ ယနေ့ နံနက် (၀၈:၀၀) နာရီအချိန်က ကျင်းပသည်။
စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေး အတွက် Mask Campaign ပြုလုပ်
Jun 28,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် ယနေ့ နံနက် ၈နာရီအချိန်က လူစည်ကားရာနေရာဖြစ်သည့် မြို့လယ်မီးပွိုင့်လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ Mask Campaign ပြုလုပ်ခြင်းကိုဆောင်ရွက်ခဲ့သည်။
မော်လိုက်မြို့၌ အစိုးရဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ
Jun 28,2021
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ အစိုးရဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မော်လိုက်မြို့ မြို့တော်ခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများအထိ ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်သွားရေး ညှိနှိုင်းဆွေးနွေး
Jun 28,2021
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများအထိကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ ရေးကော်တီ ဥက္ကဋ္ဌနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များက ဇွန် ၂၈ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး မလိခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။