သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄)ဦးထပ်မံတွေ့၍ မြို့နယ်အတွင်းပိုးတွေ့ရှိသူ ၁၆ ဦးရှိပြီဖြစ်
Jun 29,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြို့မမြောက် ရပ်ကွက်နေ အသက်(၃၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ဖျားနာ ၊ ခေါင်းဆိုးသဖြင့် ဇွန် ၂၈ ရက်နေ့တွင် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသ၍ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ တွေ့ရှိ သဖြင့် Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၊ ထပ်မံ၍ ကြက်ရိုးပြင် ကျေးရွာ နေ ပိုးတွေ့လူနာ နှင့် ထိတွေ့ဆက်စပ်ခဲ့သူ မိသားစုဝင် တို့အား ဇွန် ၂၈ ရက်နေ့ Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက်(၁)နှစ်ခွဲ အရွယ် အမျိုးသားတစ်ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၊ နောက်ထပ် မြို့မ ကညင်တန်းကျေးရွာနေ အသက်(၅၄)နှစ်အရွယ် အမျိုးသား တစ်ဦး သည် ဖျားနာသဖြင့် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသ၍ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ တွေ့ရှိ သဖြင့် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရာ ဇွန် ၂၈ ရက်နေ့တွင် ထပ်မံ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄) ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း စစ်ကိုင်းခရိုင်အတွင်းရှိ မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး မြောင်မြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်
Jun 29,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ မာလဲတော ကျေးရွာရှိ မိုးပျံနဂါးကုမ္ပဏီ ဘက်စုံမွေးမြူရေးခြံသို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ခံ ဦးသက်ပိုင်ဖြိုးက မိရိုးဖလာ နွား၊ ကြက်၊ ဝက်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ မိရိုးဖလာ နွား၊ဝက်မွေးမြူထားရှိမှုအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိ အတည်ပြုလူနာ ၆၈ ဦးအား ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသပေးလျက်ရှိ
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ယမန်နေ့ ည‌နေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ စစ်‌ဆေးတွေ့ရှိသည့် အတည်ပြုလူနာ ၆၈ ဦး ရှိလာပြီဖြစ်‌ကြောင်းနှင့် ယင်းတို့ကို   ပြည်မြို့ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုများ‌ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြန်အောင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြစ်ကမ်းထိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ကျော်စွာလှိုင် နှင့်အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့နေ့လယ်က မြန်အောင်မြို့ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြစ်ကမ်းထိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ဖာပွန်မြို့ ဝှေဆန်ကျေးရွာရှိ တစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jun 29,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသခံပြည်သူများ မိုးတွင်းကာလ၌ ခရီးသွားလာမှု လွယ်ကူစေရေးအတွက် ခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှ တစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ပိုးတွေ့ရှိခဲ့သူများနှင့် ထိစပ်ခဲ့သူများကို စစ်ဆေးရာ ၁၅ ဦးတွင် ရောဂါပိုးတွေ့ရှိ
Jun 28,2021
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့က ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိစပ်ခဲ့သူများကို ယနေ့ နံနက် ၂၈နာရီက စစ်ဆေးရာ ၁၅ဦးတွင် ရောဂါပိုးထပ်မံတွေ့ ရှိခဲ့ကြောင်းသိရသည်။