သတင်းများ

ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ( ၅ ) ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jul 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် ရန်ကုန်မြို့တွင် မျက်စိခွဲစိတ်၍ ပြန်လည်ရောက်ရှိလာသူနှင့် ထိတွေ့ခဲ့သည့် ပိုးတွေ့လူနာအမျိုးသမီး ( ၂ )ဦးနှင့် ထိတွေ့ဆက်စပ်ခဲ့သူ ( ၃၂ )ဦး အား ယနေ့ မွန်းလွဲပိုင်းတွင် RDT စက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါ ( ၃၂ ) ဦး အနက် ( ၅ )ဦးထံ၌ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိကြောင်း သိရသည်။
နမ့်စန်တွင် ဇူလိုင်လ ၁၆ ရက်နေ့ ၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၆ ဦးစစ်ဆေးတွေ့ရှိ
Jul 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နေ့လယ်ပိုင်း RDT Test kit စစ်ဆေးမှု အရ အမျိုးသမီး ၃ ဦး ၊ အမျိုးသား ၃ ဦး စုစုပေါင်း ၆ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
ပန်လုံမြို့နေ ပြည်သူ့လူထုအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 17,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် (၁၁)နာရီခွဲအချိန်က ပန်လုံမြို့၊ လမ်းဦးစီးဌာနရုံးဝန်းတွင် ပြုလုပ်ခဲ့သည်။
ဘားအံမြို့နယ်တွင် နည်းပညာတက္ကသိုလ်(ဘားအံ) အား Quarantine Centre အဖြစ် တိုးချဲ့နိုင်ရေး လမ်းခင်းကျောက်များ ခင်းခြင်းဆောင်ရွက်
Jul 17,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများလာပြီး Positive အတည်ပြုလူနာ များပြားလာမှုကြောင့် နည်းပညာ တက္ကသိုလ် (ဘားအံ)အား Quarantine Centre အဖြစ် တိုးချဲ့ဖွင့်လှစ် နိုင်ရေး ပျက်စီးနေသည့် လမ်းများအား လမ်းခင်းကျောက်များခင်း၍လမ်းများ ပြင်ဆင်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြောင်းမြမြို့၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပထွက်ခွာခွင့် ကတ်များ စစ်ဆေး
Jul 17,2021
ဧရာဝတီဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ခဲ့ရာ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ကျနိုင်စေရေးအတွက် Stay at Homeကာလအတွင်း နေအိမ်ပြင်ပထွက်ခွာခွင့်ကတ်များ စစ်ဆေးကို ယနေ့ နံနက်(၈)နာရီက မြောင်းမြ-လပွတ္တာအဝေးပြေးလမ်းမကြီး၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မိုင်းယောင်းမြို့နယ် လွယ်ဝမ်ကောင်းကျေးရွာ၌ ဘက်ထရီအိုး အပူလွန်ကဲရာမှ လူနေအိမ် ငါးလုံး မီးလောင်ဆုံးရှုံး
Jul 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပါဟုတ် ကျေးရွာအုပ်စု၊ လွယ်ဝမ်ကောင်း ကျေးရွာ၌ ယနေ့ နံနက်ပိုင်းက ဘက်ထရီအိုး အပူလွန်ကဲရာမှ လူနေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်စက်ရုံ တည်ဆောက်မည့် နေရာအား ကွင်းဆင်းကြည့်ရှု
Jul 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဘက် ဆိုင်ရာ အောက်စီဂျင်ထုတ် စက်ရုံတည်ဆောက်မည့် နေရာအား ယမန်နေ့က က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်းသိရသည်။
လေရှီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံး အဆောက်အဦများနှင့်စျေးဆိုင်များအား Covid-19 စည်းကမ်းနှင့် အညီ ဖွင့်လှစ်ထား ရှိမှုရှိ/မရှိစစ်ဆေးဆောင်ရွက်
Jul 16,2021
နာဂဒေသလေရှီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် စျေးဆိုင်များ အားCovid-19 စည်းကမ်းနှင့်အညီဖွင့်လှစ်ထားရှိမှုရှိမရှိကို မြို့နယ်Covid-19 ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင်နှင့်အဖွဲ့ဝင်များက ယနေ့နံနက် ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။