သတင်းများ

လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထားရှိမှုများအား လိုက်လံစစ်ဆေး
Jul 16,2021
လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ရုံးအဖွဲ့သည် လောက်ကိုင် ဒေသပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိလိုက်ပါ၍ ယနေ့ နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီး မှူးရုံး၊ လောက်ကိုင်မြို့နှင့် မြန်မာ့စီးပွားရေးဘဏ် ၊ လောက်ကိုင်မြို့ စသည်ရုံးများသို့ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရန်အတွက် ဆောင်ရွက်ရမည့် အချက်အလက်များ၊
လားရှိုးမြို့ရှိ မြသင်းကြူ(လျှပ်စစ်)ကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ်သိန်း (၂၀)လှူဒါန်း
Jul 16,2021
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသရေးအဆောင်များ သာမက ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမ စောင့်ကြည့်ကုသရေးအဆောင်၊ ပညာရေးကောလိပ် စောင့်ကြည့်ကုသရေး အဆောင်များကို ထပ်မံဖွင့်လှစ် စောင့်ကြည့်ကုသပေးလျက် ရှိသည်။
နမ့်စန်မြို့နယ်တွင် ဆောက်လုပ်မည့် အောက်စီဂျင် စက်ရုံအတွက် အလှူငွေ ကျပ်သိန်း ၅၀ လာရောက်လှူဒါန်း
Jul 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေး၌ လိုအပ်သော အောက်စီဂျင်ထုတ်လုပ်သည့်စက် ၁ လုံး တပ်ဆင်ရာတွင် အသုံးပြုနိုင်ရေး အတွက် အမှတ် (၁)ရပ်ကွက်နေ ဦးကေဒါန်နတ်(ခ) ဦးစိုးဝင်း+ဒေါ်ရေခါးဒေဝီ( ရွှေနှင်းဆီ ကားပစ္စည်းရောင်းဝယ်ရေး မိသားစု) မှ ငွေကျပ် သိန်း ၅၀ အား ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုများကွင်းဆင်း ကြည့်ရှုစစ်ဆေး
Jul 16,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုကိုယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၄၅ )ဦးထပ်မံတွေ့ရှိ
Jul 16,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်း တို့ကြောင့် နွားထိုးကြီးမြို့၊ပြည်ဆေးရုံသို့ လာရောက်၍ (RDT ) ဖြင့် ယမန်နေ့ ညနေပိုင်းတွင်လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပသည်။
နောင်ချိုမြို့၌ နေအိမ်တွင် နေထိုင်ရေး ( Stay at Home ) တွင် အကျုံးဝင်သည့်ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 16,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ နေအိမ်တွင် နေထိုင်ရေး ( Stay at Home ) တွင် အကျုံးဝင်သည့်ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ ယနေ့ နေ့လည်ပိုင်းက မြို့ပေါ်ရပ်ကွက်နရှိဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့သူမြို့သားများက Oxygen စက်ရုံဖြစ်မြောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
Jul 16,2021
ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းတွင် လိုအပ်လျက်ရှိသော အောက်စီဂျင်စက်ရုံ (Oxygen Plant) ဖြစ်မြောက်ရေးအတွက် ဘားအံမြို့သူ၊မြို့သား စေတနာရှင်ပြည်သူများက ဝိုင်းဝန်းပူးပေါင်း လှူဒါန်းထားသည့် အလှူငွေများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။