အောက်ဆီဂျင်လိုအပ်နေသော ကိုဗစ်−၁၉ ရောဂါခံစားနေရသူများအတွက် အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပြီ
Jul 25,2021
အမှန်တကယ်အောက်ဆီဂျင်လိုသူများအတွက် အခမဲ့ပေးဝေမည့်အစီအစဉ်ကို ဇူလိုင်လ ၂၄ရက် က စတင်လိုက်ပြီ ဖြစ်သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ရပ်မိရပ်ဖများ၊ ပရဟိတ အဖွဲ့များနှင့်ပူးပေါင်းပြီး အောက်ဆီဂျင်လိုအပ်နေသော ကိုဗစ်−၁၉ ရောဂါခံစားနေရသူများ အတွက် မြို့နယ်အလိုက်အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် မြို့နယ်အလိုက် အများပြည်သူသွားလာရန် လွယ်ကူသောနေရာတွင် အောက်ဆီဂျင်ဝေသည့် စခန်းများ ဖွင့်လှစ်ပေး ထားမည့်အပြင် မြို့နယ်ထွေအုပ်ရုံးသို့လည်း ဖုန်းဖြင့် စုံစမ်းနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။