သတင်းများ

ဒလမြို့ပေါ်နှင့် အလှမ်းဝေးသော ကျေးရွာများရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေး
Aug 06,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက မြို့နယ် အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ်နှင့် အလှမ်းဝေးသော ကျေးရွာပေါင်း ၁၄ အုပ်စုရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
မင်းလှမြို့နယ်အတွင်းရှိ ဈေးသူ ဈေးသားများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး (Sino pharm )ထိုးနှံပေးလျက်ရှိ
Aug 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနရုံး၌ မြို့နယ်အ တွင်း ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသည့် ဈေးသူ ဈေးသား များကိုယနေ့နံနက် ၉ နာရီချိန်ကကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) အားလူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကျိုင်းလပ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လိုက်နာရမည့် အချက်များ အား မြန်မာဘာသာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပေးနှိုးဆော်
Aug 06,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များအား အသံချဲ့စက်များဖြင့် ကျိုင်းလပ်မြို့ပေါ် ရပ်ကွက်များ၌ အသိပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။
ဆစ်(ခ်)ဘာသာဝင်များက အောက်ဆီဂျင်လိုအပ်သူများအား ဒုတိယအကြိမ်မြောက်အဖြစ် အောက်ဆီဂျင်များ ပေးအပ်လှူဒါန်း
Aug 06,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဆစ်(ခ်)ဘာသာဝင်များက အောက်ဆီဂျင်လိုအပ်သူများအား ဒုတိယအကြိမ်မြောက်အဖြစ် အောက်ဆီဂျင်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက အမရဌာနီအရှေ့ရပ်ကွက်၊ ၇၉လမ်း၊ ၁၀လမ်းနှင့် ၁၁လမ်းကြား၊ သူရဲဈေးအနီးရှိ ဆစ်(ခ်)ဘုရားရှိခိုးကျောင်း၌ ပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးမြို့ဟန်ယိသတ္တု ထုတ်ကုန် ပစ္စည်းကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို လက်ခံရယူ
Aug 06,2021
ကချင်ပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်း ကုမ္ပဏီလီမိတက်မှ ပေးပို့ လှူဒါန်းသည့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေး သုံးပစ္စည်းများအား ယမန်နေ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါး နော်ခန်း၌ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရ ယူခဲ့သည်။
ကြံခင်းမြို့ မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လူမှုကူညီရေးပရဟိတ အဖွဲ့များသို့ Light House Social Development Organization Ayawaddyအဖွဲ့မှCOVID-19 ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများလှူဒါန်း
Aug 06,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ တွင်မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံ့ပြန် ရေးကော်မတီအဖွဲ့နှင့်လူမှုကူညီရေးပရဟိတအဖွဲ့များသို့ Light House Social Development Organization Ayarwaddy အဖွဲ့မှ COVID -19 ရောဂါကာကွယ်ရေးသုံးပစ္စည်းများကိုယမန်နေ့ နေ့လည်ပိုင်းက သွားရောက်လှုဒါန်းခဲ့ကြကြောင်းသိရသည်။
ရွာငံမြို့နယ်တွင်း အသက်(၆၅)နှစ်အထက် အဘိုးအဘွားများနှင့် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ပြီးစီး
Aug 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် အထက် အဘိုးအဘွားများနှင့် ပြည်သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ(၁)ရက်မှစတင်၍ ရွာငံမြို့ဗထူးခန်းမ၊ ရေဦး၊ မြိုင်၊ မြင်းကျဒိုးနှင့် မြို့ကြီး ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ဇုန်(၅)ဇုန်ခွဲ၍ ထိုးနှံပေးခဲ့သည်။