သတင်းများ

ဒေါပုံမြို့နယ်၌ အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ၊ ပုဂ္ဂလိကဝန်ထမ်းများ Volunteer များအား ကိုဗစ်၁၉ ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေး
Aug 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ ဒေါပုံမြို့နယ်တွင် ယနေ့နံနက်၉ နာရီအချိန်က စတင်ပြီး အ.ထ.က (၁) ကျောင်းဝန်း၌ အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ၊ ပုဂ္ဂလိက ဝန်ထမ်းများ Volunteer များအား ကိုဗစ်၁၉ ကာကွယ်ဆေး Sinopharm ကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Aug 06,2021
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အလှူငွေနှင့် အထောက်အကူပြု ပစ္စည်းများ လှူဒါန်း
Aug 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် စေတနာရှင်၊ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အလှူငွေနှင့် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။
လားရှိုးမြို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား ဒုတိယအကြိမ် ရောက်ရှိလာသော ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ ဒုတိယအကြိမ် ရောက်ရှိလာသော ကာကွယ်ဆေးများကို ယနေ့နံနက်(၈)နာရီအချိန်မှစ၍ လားရှိုးမြို့ ပြည်သူ့ဆေးရုံ၊ သာသနာ့ဗိမာန်၊ အမှတ်(၃)၊ အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း၊ ရပ်ကွက်(၇) ရွှေကြယ်ခန်းမတို့တွင် ထိုးနှံပေးလျက်ရှိသည်။
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အလှူငွေနှင့် အထောက်အကူပြု ပစ္စည်းများ လှူဒါန်း
Aug 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် စေတနာရှင်၊ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အလှူငွေနှင့် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ CVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အခြေခံလူတန်းစားများသို့ကြက်ဥ နှင့် ခေါက်ဆွဲခြောက်များလိုက်လံထောက်ပံ့
Aug 06,2021
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ CVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေး ကိစ္စအခက်အခဲများ တစ်စိတ်တစ်ဒေသအဆင်ပြေစေရန်ရည်ရွယ်ကာ မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ ဆိုင်ကယ်ကယ်ရီသမားများ၊ခ ခေါင်းရွက်ဗျတ်ထိုးဈေးသည်များအား ယမန်နေ့ နံနက်ပိုင်းက ကြက်ဥနှင့် ခေါက်ဆွဲခြောက် များကို မြို့ပေါ်ရပ်ကွက်လမ်းများပေါ်ရွှေ့လျားစနစ်ဖြင့်လိုက်လံ ထောက်ပံ့လှူဒါန်း လျှက် ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးပေး
Aug 06,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲက စတင်၍ ပြည်သူ့ကျန်းမာရေးစင်တာတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
မိုးမောက်မြို့တွင် ဒုတိယအသုတ် ရရှိသော ကိုဗစ်−၁၉ ကာကွယ်ဆေး (SINOPHARM)ကို အသက် ၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေး အုပ်စုများခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 06,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ဒုတိယအသုတ် ရရှိသောကိုဗစ်−၁၉ ကာကွယ်ဆေး (SINOPHARM) ထိုးနှံခြင်းကို ယနေ့ နံနက် ၉နာရီက မိုးမောက်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံး၊  အစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရ သည်။