ပုလဲ သြဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲ ရတနာခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်၉နာရီက အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအပါအဝင်ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထပ်မံ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ကာကွယ်ဆေး မထိုးပေးမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း နှင့် ကာကွယ် ဆေးထိုး မှတ်တမ်းများ ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် အသက်( ၆၅ )နှစ်နှင့် အထက်ရှိသူများ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသည့် ယာဉ်မောင်း/ ယာဉ်နောက် လိုက်များ၊ ဈေးရောင်း/ ဈေးဝယ်များ စသည့်ဖြင့် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။ ပုလဲမြို့နယ်အတွက် ကိုဗစ်-၁၉ကာကွယ်ဆေး(၇၅၀)လုံး ခွဲတမ်း ရရှိသောကြောင့် ဆေး(၁)လုံးလျှင် ၂ဦးနှုန်း ဖြင့် သြဂုတ် ၈ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ လူဦးရေ (၅၄၀)ဦး နှင့်အခြေခံပညာအထက်တန်းကျောင်း၌ လူဦးရေ(၂၃၆)ဦးစုစုပေါင်း(၇၇၆)ဦးအား အားထိုးနှံပေးခဲ့ပြီး သြဂုတ် ၉ ရက်နေ့တွင် အသက်( ၆၅ ) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည် အုပ်စုများ အလိုက် ကျန်ရှိနေသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ဆက်လက်၍ ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး( Sinopharm )ထိုးနှံပေးနေမှု အခြေအနေများကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးမြတ်လေး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဇော်ထွန်း၊မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးလှထွဋ်နောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ငုဝါခိုင်နှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ပြီး ခရိုင်COVID-19ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့သည့် ပုလဲမြို့၊ မုဒိတာလူမှုကူရေးအသင်းအတွက် PPE ဝတ်စုံ ( ၇ ) စုံ၊ စေတနာရှင်လူမှုကူညီရေးအသင်းအတွက် PPE ဝတ်စုံ( ၇ )စုံကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ထိုအပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပေးနှိုးဆော်မှုများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း ၍ ပုလဲမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)