ရွာသစ် ဩဂုတ် ၁၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကယားပြည်နယ်၊ ဘောလခဲခရိုင် ရွာသစ်မြို့တွင် ရောဂါပြန့်ပွားမှု မရှိစေရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဆွေဆွေအေးနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ အသိပညာပေး နှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ရောဂါကူးစက်မှု ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်၊ မဖြစ်အနေ အိမ်အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာနေထိုင်ရန်၊ လူစုလူဝေး ပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကို ဆပ်ပြာနှင့် စနစ်တကျ ဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုး ကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှု ခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့် အချက်များ ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရေး အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)