လေးမျက်နှာမြို့နယ်၌ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

လေးမျက်နှာ  သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်တွင်  စေတနာ့ဝန်ထမ်းများအား ကာကွယ်ရေးပစ္စည်းများ  ထောက်ပံ့ပေးအပ်ခြင်းကို  ယနေ့နံနက်၉နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်မှ  ကာကွယ်ရေးပစ္စည်းများ ပေးအပ်ရခြင်း ပတ်သတ်၍  ရှင်းပြောကြားပြီး  အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်မှ စေတနာ့ဝန်ထမ်းများအား  အခက်အခဲများရှိပါက ပေါင်းစပ်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊  မြို့နယ်အတွက်  ယခုလို ဆောင်ရွက်နေမှုအပေါ်  အသိအမှတ်ပြုပါကြောင်း၊  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအပြင်  သဘာဝဘေးအန္တရာယ်ကျရောက်ပါက  ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းလိုကြောင်း  ဆွေးနွေးပြောကြားသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ  လွှဲ‌ပြောင်းပေးသော  Apron(၈၀)၊  Boot Cover(၈)၊ ပလပ်စတစ်ဂလုပ်(၄)၊  Face Shield(၁၆၀)၊  Google(၂၀)၊ 95Mask(၂၀၀)၊  PPE Lelvel-3(၁၀၀)၊  ပလပ်စတစ်အိတ်(၄၀)၊  ဆာဂျီကယ်ဂလုပ်(၂၀၀)၊  ဆာဂယ်ဂရောင်း(၂၀၀)၊  ခေါင်းစွပ်(၁၅၀)၊  ဖိနပ်(၁၀၀)စုံတို့အား  စေတနာ ဝန်ထမ်းများအား  ပေးခဲ့အပ်ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)