ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများလှူဒါန်း

ကျောင်းကုန်း ဩဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများလှူဒါန်းမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့နယ်၊ ပုဂံစုကျေးရွာ၊ ဓမ္မပါလကျောင်းတိုက်မှ ဥူးဉာနသီရိ(ပျိုးခင်းသစ်ဆရာတော်)နှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှ အလှူငွေကျပ်(၁၀)သိန်းလှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ဆက်ကပ်ခဲ့သည်။

ထို့အတူ ကျောင်းကုန်းမြို့‌နေ ကိုသန်းဆွေ၊ မကေ ခိုင် ( TS ဆီဆိုင် )မှ ငွေကျပ်(၁၀) သိန်း၊ ရန်ကုန်မြို့နေ ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူး ဦးကြည်လွင်(ခ)စိန်ချွန်း၊ ဒေါ်သီသီဆန်း မိသားစု Tun MyatThuInt'lCo.,ltdမှ ငွေကျပ်(၁၀)သိန်းနှင့် ဒေါ်သိန်းမြင့် တူ/သားကိုသန်းနိုင်၊ မသင်းသင်းချို (သီတာဦးအိမ်ဆောက်ပစ္စည်းဆိုင်)မှ ငွေကျပ်(၁၀)သိန်းအပါအဝင်အလှူရှင် (၄၈)ဦးတို့မှ လှူဒါန်း ငွေစုစုပေါင်း (၉၁)သိန်း‌ကျော် ရရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရသည်။ ကျောင်းကုန်းမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ(၅၇၀)ဦးရှိပြီး၊ ကျန်းမာစွာဖြင့်ဆေးရုံ ဆင်းခွင့်ရသူ(၄၅၅)ဦးရှိကာ ကျန်းမာရေး စောင့်ရှောက်မှုခံယူနေသူ(၄၂)ဦးရှိပြီး၊ သေဆုံးသူ(၆၃)ဦးရှိကြောင်း ကျန်းမာရေးဌာနက သိရသည်။ ဝင်းကြိုင်