သတင်းများ

ဖျာပုံမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Aug 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ မြို့နယ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာအ သက်(၆၅)နှစ်နှင့် အထက်အဘိုးအဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နံနက် (၉)နာရီမှစတင်၍ဖျာပုံမြို့ အ.ထ.က(၂)ကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြသည်။
ရမည်းသင်းမြို့၌ အောက်ဆီဂျင်ထုတ်စက်တပ်ဆင်မည့် အဆောက်အအုံ ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ
Aug 27,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်တပ်ဆင်မည့် အဆောက်အအုံဆောက်လုပ်ရန် မြေနေရာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉နာရီက ဝါတိုးရပ်ကွက်ရှိ သိမ်းတော်ကုန်းကွင်းရှိကွင်းအမှတ်(၁၁၉၆)၌ ကျင်းပပြုလုပ်သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ခေမာရဌ်ရိပ်သာ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 27,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် စိုက်ပျိုးမွေးမြူရေးတိုးမြှင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြသည်။
ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ် မြို့နယ်ပြည်သူ့ဆေးရုံကြီး၊အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
လွိုင်လင်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားမျာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆေး (Sinophram) အားဒုတိယ အကြိမ်ထိုးနှံပေး
Aug 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် အမှတ်( ၁ ၊ ၂ ၊ ၃ )ရပ်ကွက်များရှိ အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားမျာအား ယနေ့နံနက်(၁၀:၀၀)နာရီအချိန်မှစတင်၍ အထက(၁)အခြေခံပညာအထက်တန်းကျောင်း၊ အထက(၂)အခြေခံပညာအထက်တန်းကျောင်း ၊အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးလျှက်ရှိပြီး ကျန်ရှိသောအမှတ်(၄)ရပ်ကွက်အား ဩဂုတ်လ ၂၉ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်ရှိ ကျေးရွာ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်း (၄၅)ခု ရာနှုန်းပြည့်ပြီးစီး
Aug 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်း ၄၅ခု ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။