သတင်းများ

ထားဝယ်မြို့ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် သင့်တင့်သော စျေးနှုန်းမှန်ဖြင့် ရောင်းချနိုင် ရေးကြည့်ရှု့စစ်ဆေး
Aug 27,2021
ကိုဗစ် - ၁၉ ကာလတွင်စျေးကွက်အတွင်းကာကွယ်၊ကုသရေး၊ ဆေးဝါး၊ဆေးပစ္စည်းများနှင့် အထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သင့်တင့်သောစျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်ရေးသတ်မှတ် အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထားဝယ်မြို့အတွင်း ဆေးဆိုင်များအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများသို့ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် အောက်ဆီဂျင်များကို နေ့စဉ် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးထံမှ သိရသည်။
မိုးညိုမြို့နယ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်အား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ
Aug 27,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အ​ရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အနီးကပ်ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်များအား စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်တွင် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ ဆောက်လုပ်
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် သြဂုတ်လ တတိယအပတ်မှ စတင်ကာ အောက်ဆီဂျင်စက်ရုံထားရှိနိုင်ရန် မြေပြင်ပြုပြင်ခြင်းနှင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်း များကို ဗညားဒလရပ်ကွက်ရှိ ဒလ-တွံတေးကားလမ်းမကြီးနှင့် ကနောင်လမ်းမကြီးထောင့်ဆုံရာ မြေနေရာတွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ပုံ- အောက်ဆီဂျင် စက်ရုံထားရှိရန် အဆောက်အအုံ ဆောက်လုပ်နေမှု။
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရန် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ
Aug 27,2021
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်နိုင်ရန် အသိပညာပေးမြေစိုက်ပိုစတာအား ယနေ့ နံနက် ၈ နာရီက မြို့နယ်ပြည် သူ့ဆေးရုံရှေ့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ တို့၌ စိုက်ထူခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်တွင် မိုးသီးနှံအဖြစ်စိုက်ပျိုးထားသော နေကြာများ အောင်မြင်ဖြစ်ထွန်း
Aug 27,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် တောင်သူများအနေဖြင့်မိုးသီးနှံအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ နှံစားပြောင်း၊ ၊ ငရုပ်၊ နနွင်း စသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး ကင်းကျေးရွာ၌ စိုက်ပျိုးထားရှိသော နေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ် ထိုးနှံပေး
Aug 27,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများကို ယမန်နေ့ရက် မွန်းလွဲပိုင်းတွင် စတင်ထိုးနှံပေးပြီး ယနေ့နံနက် (၉)နာရီတွင်လည်း ဆေးထိုးစုရပ်အသီးသီး၌ ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် ဒေသတွင်း ငါးစားသုံးမှုဖူလုံစေရေးနှင့်ငါးသယံဇာတများ စဉ်ဆက်မပြတ်တိုးပွားစေရေးအတွက်(မေယုမြစ်ဖျား)သဘာဝရေပြင်အတွင်း ရေချိုငါးသားပေါက် ( ၁၅၀၀၀၀)မျိုးစိုက်ထည့်
Aug 27,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ  စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းနိုင်ရေး၊  ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေပိုမိုရရှိနိုင်ရေးအတွက်(မေယုမြစ်ဖျား) သဘာဝရေပြင်အတွင်းသို့ နှစ်စဉ် ငါးမျိုးစိုက်ထည့်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် မိုးရာသီကာလအတွင်း(ဒုတိယအကြိမ်) ငါးမျိုး စိုက်ထည့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ဘူးသီးတောင်မြို့နယ်(မေယုမြစ်ဖျား) ပန်ဇင်း ချောင်းတံတားအောက် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ကိုဗစ်-၁၉ ညွန်ကြားချက်နှင့်အညီ  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။