ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ကျိုက်လတ်  ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ် မြို့နယ်ပြည်သူ့ဆေးရုံကြီး၊အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 ယနေ့ကာကွယ်ဆေးထိုးရာတွင် ကျိုက်လတ်မြို့နယ် အမှတ်၁၊၂၊၃၊၄၊၅ရပ်ကွက်များရှိတို့မှ ဇူလိုင်လတွင် ပထမအကြိမ် ထိုးနှံခဲ့ကြသော အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား(၅၀)ဦးအား ယခု ဒုတိယအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုသေဆုံးမှုလျော့ချရေး၊ ရောဂါကူးစက်ပြန့်ပွားမှုတားဆီးရေး၊ နိုင်ငံစီးပွားရေးထိခိုက်မှုဖြစ်ပွားစေနိုင်မည့် အခြေအနေများ မဖြစ်ပေါ်စေရေးတို့ကို ရည်ရွယ်၍ ဦးစားပေးအုပ်စုများ ခွဲခြားထိုးနှံပေးကြောင်း သိရသည်။

 အဆိုပါ ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးထွန်းသိန်းအောင်နှင့် မြို့နယ်ဆရာဝန်ကြီးတို့က လိုက်လံကြည့်ရှု့ အားပေးခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်