သတင်းများ

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များ အသင်းမှ ဆန်၊ဆီ၊ကြက်ဥ စသည့် စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များအသင်းနှင့်မြို့နယ်စည်ပင်သာယာ အဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအား ဆန်၊ဆီ၊ကြက်ဥစသည့် စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် သံဃာတော်များ၊ ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 31,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သံဃာတော်များ၊ ဝန်ထမ်းများနှင့် အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ အမှတ် ၄ ရပ်ကွက်၊ မြို့လယ်သံဓမ္မာရုံ၌ ဒုတိယနေ့ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Aug 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များနှင့်  ဦးစာပေးအဆင့်အလိုက်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအား စုရပ်များခွဲ၍ ထိုးနှံပေးလျှက်ရှိရာ ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်မှ စတင်၍ စုရပ် ၃ ခုတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၂၈ ဦး နမ့်စန်မြို့မှဖြတ်သန်း၍ နေရပ်အသီးသီးသို့ ဆက်လက်ထွက်ခွာ
Aug 31,2021
ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ် အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ ညနေ ၄နာရီ အချိန်တွင်  ရောက်ရှိခဲ့ကြ ကြောင်းသိရသည်။
မိုင်းနောင်မြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယရက် စတင်ထိုးနှံခြင်းများ ဆောင်ရွက်
Aug 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး တတိယရက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အထက မိုင်းနောင်ကျောင်းတွင် ထိုးနှံပေးခဲ့သည်။
မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်း များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား(၈၅၁)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်စတင်ထိုးပေး
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၈၅၁)ဦး အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ပြည်လုံးနိုင်ရပ်ကွက် မြို့တော်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Vero Cell) ဒုတိယအကြိမ် ထိုးနှံပေး
Aug 31,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅)နှစ် အထက်နှင့် အုပ်စု(၁၂)အား ကိုဗစ်-၁၉ ကာကွယ်ဆေး (Vero Cell) ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ(၄)နာရီအထိ၊ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။