သတင်းများ

ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အသက် (၆၅)နှစ်နှင့် အထက် ဘိုးဘွားများ၊ ဝန်ထမ်းများ နှင့် volunteer များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီမှစ၍ ဒေါပုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းနှင့် အ.လ.က(၄) ကျောင်းတို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အသက် ၁၈နှစ်မှ ၆၅နှစ်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့   ပူးပေါင်း၍   ရွှေနဒီဦးခန်းမတွင်  ယမန်နေ့ နံနက် ၈ နာရီမှစ၍ အသက် ၁၈နှစ်မှ ၆၅နှစ်အထက် ဒေသခံပြည်သူများအား  ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ရေးမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှု‌ရေးပင်စင် ထောက်ပံ့ပေးအပ်
Aug 31,2021
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁,၁၂၇)ဦးအနက် (၉၂၂)ဦး ဆေးရုံဆင်းခွင့်ရရှိ
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အနံပျောက် ဝေဒနာ ခံစားနေရသူများကို Mobile Test Kit ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀)ဦး တွေ့ရှိခဲ့သဖြင့် အတည်ပြုလူနာ(၁,၁၂၇)‌ဦး အနက်မှ (၉၂၂)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး သေဆုံးသူ(၈၄)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ပဲခူးမြို့အတွင်း အထူးလျော့စျေးဖြင့် ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ကြက်သွန်နီနှင့် သားငါး ကုန်စိမ်းများအား စျေးကားဖြင့် လှည့်လည်ရောင်းချ
Aug 31,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ကုန် များကို ‌ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် အထူးလျော့ဈေးဖြင့် ယနေ့နံနက်ပိုင်းက မြို့အတွင်း စျေးကား (၅)စီးဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင်  ကြံခင်းမြို့တွင် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ၊ စာရေးများနှင့်တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌ အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများနှင့် ပြည်သူများအား (Sinopharm)  COVID-19 ကာကွယ်ဆေးထိုးနှံမှုအခြေအနေများအား ကြည့်ရှုအားပေး
Aug 31,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ အသက်(၆၅)နှစ်ထက်သက်ကြီးရွယ်အိုများ၊ ပုဂ္ဂလိကဘဏ်များမှ ဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များမှ Volunteers များကို လတ်တ လောအသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက် ထိုးနှံ ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမနှင့် ပြင်ပလူနာနားနေဆောင်တို့တွင်   သတ်မှတ်စုရပ်နေရာများထားရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး များဆက်လက်ထိုးနှံပေးလျှက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့်အဖွဲ့ ဝင်များမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ တိုက်ကြီးမြို့မ (အ.ထ.က) ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။