ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Aug 31,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၆၅)နှစ်အထက် ပြည်သူများနှင့်ဦးစားပေးအုပ် စုအလိုက် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသည့် ပြည်သူများကို ယနေ့၊ နံနက်(၉)နာရီမှ (၄)နာရီအထိ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံး၊ ပိုးရွှီပြင်တိုက်နယ်ဆေးရုံ၊ ကွန်းတောင်ကျန်းမာရေးဌာနနှင့် အလယ်ချောင်းကျန်းမာရေးဌာနတို့တွင် ဦးစားပေးအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။