သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသား စိစစ်ရေးကတ်ပြား နေ့ချင်းပြီးပြုလုပ် ဆောင်ရွက်ပေး
Sep 03,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် ယနေ့ နံနက်ပိုင်းကပန်းခင်း စီမံချက်ဖြင့် တည်တော(၁)အုပ်စုမှ ဒေသခံပြည်သူများကို အိမ် ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များနေ့ချင်းပြီးအခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Sep 03,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (မိခင်နှင့်ကလေးကျန်းမာရေးဌာန) တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 03,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့သူများကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် သတ်မှတ်ပေးထားသည့် နေ့ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံထားသူများကို ဒုတိယအကြိမ်၊ ဒုတိယနေ့    ဆက်လက် ထိုးနှံပေး
Sep 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများကို ဒုတိယအကြိမ်၊ ဒုတိယနေ့     ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀  နာရီ၌ ပြင်စလူမြို့၊ အမှတ် (၃)ရပ် ကွက်ရှိ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
တနင်္သာရီမြို့နယ်၌(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆေးထိုးစုရပ်(၅)ခုဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 03,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း လူမျိုး/ဘာသာမရွေး အသက်(၆၅)နှစ် အထက် အဘိုးအဘွားများ၊ စားသောက်ဆိုင်/ ဈေးဆိုင် ရောင်းချသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့ များစသဖြင့် ဦးတည်အုပ်စု(၁၂)ခုတို့မှ (ပထမ)အကြိမ်အဖြစ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား (ဒုတိယ)အကြိမ်အဖြစ် ဩဂုတ်လ ၂၉ ရက်မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ဆေးထိုးစုရပ်(၅)ခုခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ပူတာအိုမြို့နယ် အထက်ဆန်ဂေါင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေ ဆဌမအကြိမ်ပြန် လည်ထုတ်ချေးပေး
Sep 03,2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်(၉) နာရီခွဲက ပူတာအိုမြို့နယ် မန်စေကျေးရွာအုပ်စု အထက်ဆန်ဂေါင်ကျေးရွာ ရ၀မ်နှစ်ခြင်း ဘုရားကျောင်း၌ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Sep 03,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ လူမှု၀န်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက်  လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုးအဘွားများအား ယနေ့နံနက်ပိုင်းက လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့်သူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Sep 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ‌ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမည်သူများအား ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။