သတင်းများ

ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထားသည့် မိဘပြည်သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည်
Sep 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထားသည့် မိဘပြည်သူများအား စက်တင်ဘာလ ၄ ရက် နံနက် ၉ နာရီတွင် မြို့တော်ခန်းမ၌ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
သရက်မြို့၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေး
Sep 03,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သတ်မှတ်နေရာများ၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ရွှေသက်လွတ်ဘုရာဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့ပေါ်စုရပ်တွင် သတ်မှတ်ရက်များအတွင်း ကိုဗစ် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာ အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွာများ နှင့် ဦးတည်အုပ်စု ပြည်သူ (၈၁၀) ဦးကို   ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး  (Sinopharm)  ထိုးနှံပေးခဲ့ပြီးဖြစ်
Sep 03,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌  ဦးတည်အုပ်စု ပြည်သူများကို ဒုတိယအကြိမ်  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးဆေးကို  ဩဂုတ်လ ၃၁- ရက်နေ့ မှ  ယမန်နေ့ ညနေပိုင်းထိ ကာကွယ် ဆေးထိုးနှံပေးခဲ့ရာ  ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၈၁၀) ဦး လာရောက် ထိုးနှံခဲ့ကြကြောင်းသိရသည်။
မိုးနဲမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာများရွေးချယ်
Sep 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) အတွက် ကျေးရွာ များ ရွေးချယ်ခြင်းကို မြို့နယ် ကမ္ဘောဇခန်းမ၌  ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ အသုံးပြုမည့်အောက်ဆီဂျင်စက် ရောက်ရှိ
Sep 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါလူနာများနှင့် အခြားနာမကျန်း လူနာများ  အောက်ဆီဂျင် လိုအပ်ချက်မဖြစ်ပေါ်စေရေးအတွက်  မြို့နယ် နာယက ဆရာတော်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အောက်ဆီဂျင် စက်ဖြစ်မြောက် ရေးကော်မတီ တို့က ဦးဆောင်၍ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူထားသော အောက်ဆီဂျင် ထုတ်စက်သည် ယမန်နေ့ညက ရောက်ရှိ လာကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင် ဒုတိယအကြိမ်၊ အသက်(၆၅)နှစ်နှင့် အထက် ဦးစားပေးထိုးသင့်သူများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်
Sep 03,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ (အ.ထ.က)ကျောင်းတွင် စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများ ကကျိုက်ဒုံမြို့တွင် နေထိုင်သည့် အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများ၊ ဦးစားပေးထိုးသင့်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer/ ပရဟိတအဖွဲ့များ၊ သံဃာတော်များ၊ နိုင်ငံဝန်ထမ်များ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သူများ၊ ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြီမ်ထိုးနှံပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်
Sep 03,2021
သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်သည့် PPE ဝတ်စုံများနှင့် လက်သန့်ဆေးရည်များ ပေးအပ် လှူဒါန်းပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
ထီးလင်းမြို့နယ်၌ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Sep 03,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီး သူ များအား ယနေ့နံနက် ၈ နာရီမှစ၍ ထီးလင်းမြို့ မိခင်ကလေးကျန်းမာရေးဌာန၌ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။