သတင်းများ

ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုများတွင် ပါဝင်သူ(၄၇၁၂)ဦးအား ဒုတိယအကြိမ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 03,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ အသက် (၆၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများ၊ ရဟန်း သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဦးစားပေးအုပ်စုတွင်ပါဝင်သူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သြဂုတ် ၂၉ ရက်နေ့မှစ၍ သတ်မှတ်စုရပ်အသီးသီးတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီး ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက် ငါးမျိုးစိုက်ထည့်
Sep 03,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီး ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့ နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။
မြင်းမူမြို့တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Sep 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းရှိ သတ်မှတ်အုပ်စုတွင် ပါဝင်သောသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို    စက်တင်ဘာလ(၂)ရက်နေ့မှ စတင်ကာ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူများ ဒုတိယအကြိမ် မပျက်မကွက် လာရောက်ထိုးနှံလျက်ရှိ
Sep 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံခြင်းကို သြဂုတ်လ ၃ရက်နေ့မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့် သတ်မှတ်ထားရှိသော ဆေးထိုးစုရပ်များ၌ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ နှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Sinopharm)အား အမျိုးသား ၈၈၉ ဦး၊ အမျိုးသမီး ၁၀၁၂ ဦး စုစုပေါင်း ၁၉၀၁ဦး ပထမအကြိမ် ထိုးနှံခဲ့ပြီးသူများအနေဖြင့် ဒုတိယအကြိမ်   ကာကွယ်​ဆေးထိုးနှံခြင်းကို ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့စက်တင်ဘာ ၃ရက်နေ့တွင် မပျက်မကွက် လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 03,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့သူများကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ  စန္ဒကူးခန်းမတွင် သတ်မှတ်ပေးထားသည့်နေ့ရက်များ အလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ရှားတောမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 03,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ လ(၁)ရက်နေ့မှ စတင်၍ ယနေ့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ ရဟန်းသံဃာများ၊ အသက်(၆၅)နှစ် အထက်သက်ကြီး ရွယ်အိုများနှင့်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ် ဆေးဆက်လက်ထိုးနှံပေး
Sep 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊‌ နတ်တလင်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယမန်နေ့‌ နေ့လယ်(၁)နာရီအချိန်မှ စတင်၍  ဗဟိုမူလွန် ကျောင်းရွှေရတု ခန်းမနှင့် သကျမဟာမြတ်မုနိဘုရားကြီး၀န်း တို့တွင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးခွဲတမ်း ဒုတိယအကြိမ်ထိုးနှံပြီးစီး ဆက်လက်ထိုးနှံနိုင်ရန် အဆင်သင့်ပြင်ဆင်ထားရှိ
Sep 03,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို ဇူလိုင် ၃၁ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ စက်တင်ဘာ ၃ရက်နေ့တွင် ခရိုင်အတွင်းခွဲတမ်းရရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ၁၂၆၆ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိရ သည်။