သတင်းများ

ထန်းတပင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Sep 03,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် အသက်(၆၅ )နှစ်အထက် သက်ကြီးရွယ်အိုများ နိုင်ငံ့ဝန်ထမ်းများ volunteerများကို ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ( ၈ ) နာရီအချိန်မှ စတင်၍ မြို့နယ်သီရိမင်္ဂလာခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းသို့ ရန်ကုန်မြို့ချစ်မေတ္တာဖောင်ဒေးရှင်းမှ Oxygen Concentrator (၇)လုံးနှင့် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း
Sep 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းသို့ ရန်ကုန်မြို့ ချစ်မေတ္တာဖောင်းဒေးရှင်းမှ Oxygen Concentrator (၇)လုံးနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့က ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပ
Sep 03,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လာသည့်အတွက် အများပြည်သူများအနေဖြင့် Stay at Home နေစဉ်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက် အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
သီပေါမြို့နယ်တွင် အသက်(၁၈)နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေး
Sep 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့တော်ခန်းမ စုရပ်နေရာတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Sep 03,2021
ရခိုင်ပြည်နယ်၊  ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ  ဒေသခံပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍  Sinopharm အမှတ်တံဆိပ်ပါ  တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  ကြီးကြပ်မှုဖြင့်  စုရပ် နေရာ(၅)နေရာတို့တွင်  ဆက်လက်ထိုးနှံပေးလျက်ရှိရာ သြဂုတ် ၂၈ ရက်မှ ယနေ့နံနက်ပိုင်းအထိ၊  ကာကွယ်ဆေးလာရောက်ထိုးနှံသူ  အသက်(၆၅)နှစ်နှင့်အထက်  ဒေသခံပြည်သူ စုစုပေါင်း(၃၉၉၅)ဦး ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Sep 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းကို (၃၅)ရပ်ကွက် ဘုရင့်နောင်လမ်းဘေးရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ထားသော ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ကို ထိုးနှံပေးလျက်ရှိသည်။
မိုင်းခုတ်မြို့၌ ၂၀၂၁ ခုနှစ် ဩဂုတ်လအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူဦးရေ ၃၀၀ ဦး ထိုးနှံထားရှိပြီးဖြစ်
Sep 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVIDSHIELD)ကို နှစ်ကြိမ်နှင့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ကို နှစ်ကြိမ် စုစုပေါင်းလေးကြိမ် ထိုးနှံပေးထားပြီး လူဦးရေ (၃၀၀) ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။