သတင်းများ

ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေး
Sep 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေးသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမကြိမ်ထိုးနှံပြီးသူများအား ယနေ့နံနက်၉နာရီ တွင် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိသည်။
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် သက်ကြီးဘိုးဘွား(၉၇၇)ဦးအား လူမှုရေး ပင်စင်(၂၉၃)သိန်းကျော် ထောက်ပံ့ပေးအပ်
Sep 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာ လ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
တုံတာမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Sep 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉နာရီခန့်က တုံတာမြို့ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ကလိန်အောင်မြို့အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများထံသို့ တစ်ကိုယ်ရည် ကာကွယ်ရေး ဝတ်စုံများနှင့် ကျန်းမာရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်
Sep 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသော လူမှုကူညီရေး ပရဟိတအသင်းများထံသို့ (ရဲတံခွန်၊ ဇောတိက၊ ရတနာစီမံကိန်း) မှ လှူဒါန်းထားသော တစ်ကိုယ်ရည်ကာကွယ်ရေး ဝတ်စုံများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ မနက်ပိုင်းက ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်စိုးက ကျေးရွာများသို့ သွားရောက်၍ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စွမ်းအားမြှင့် "အေဝမ်း"မီးဖိုများ အခမဲ့ဖြန့်ဝေ
Sep 05,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ စွမ်းအားမြှင့် "အေဝမ်း" မီးဖိုများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီက နှဲဝဲကျေးရွာအုပ်စု၊ နှဲဝဲကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉‌ကာကွယ် ဆေးထိုးနှံပြီသူ(၃၄၇၀)ဦးရှိပြီဖြစ်
Sep 05,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်​​နေ့နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ကျေးရွာ၌ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ်ထိုးနှံပေး
Sep 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်မှ စတင်၍ ၂ လမ်း ခန်းမ၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
သရက်မြို့၌ ဆရာတော်သံဃာတော်များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Sep 05,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သတ်မှတ်နေရာများ၌ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိရာ ရွှေသက် လွတ်ဘုရာဝန်း အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉) နာရီက ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက် ပေး ခဲ့ကြောင်း သိရသည်။