ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉‌ကာကွယ် ဆေးထိုးနှံပြီသူ(၃၄၇၀)ဦးရှိပြီဖြစ်

ဆင်ပေါင်ဝဲ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်​​နေ့နံနက် နာရီက ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ကျေးရွာ၌ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ် နေရာများထဲမှ ဆင်ပေါင်ဝဲမြို့ ကိုးပင်ကျေးရွာ အထကကျောင်းတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးထိုးနှံပေးရာတွင် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် သြဂုတ်လ ပထမအပတ်က ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့သည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၄၇၀၀ ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆင်ပေါင်ဝဲမြို့နယ်၌ စက်တင်ဘာလ ရက်နေ့အထိ ကိုဗစ် -၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၃၄၇၀ ဦးရှိပြီး၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမှာကြောင်း မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)