သတင်းများ

တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံ
Sep 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆေးထိုးအုပ်စုအလိုက် ထိုးနှံပေးလျှက်ရှိရာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ယနေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ ဆက်လက်ထိုးနှံပေးနေသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် ရှိ လယ်ကုန်းဇီးအွန် IDPs စခန်းနေ မိသားစုများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး သုံး ပစ္စည်းများ၊ ဆန်၊ စားနပ်ရိက္ခာများနှင့် အိမ်မွေး ဝက်သားပေါက်များ ထောက်ပံ့
Sep 05,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန်နေရပ်စွန့်ခွာ အိမ်ထောင်စုများ နေထိုင်ရာ IDPs စခန်း သို့သွားရောက်ပြီး ထောက်ပံ့ ပေးအပ်မှုများ ဆောင်ရွက်ခဲ့သည်။
တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး
Sep 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်အတွင်ရှိ သံဃာတော် ဆရာတော်ကြီးများ၊ အသက်(၆၅) နှစ် နှင့်အထက်သက်ကြီး ဘိုးဘွားများနှင့် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နံနက်(၉)နာရီ မှစတင်၍ မြို့တော်ခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 05,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို စက်တင်ဘာ ၅ ရက်နေ့တွင်လည်း သတ်မှတ်နေရာများတွင် လူမျိုးဘာသာမရွေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့သို့ Oxygen Plant စက်သစ်ကြီး ရောက်ရှိ
Sep 05,2021
ပေါင်မြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ၏ ဦးဆောင်စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီခွဲက ပေါင်မြို့ပြည်သူ့ဆေးရုံကြီးသို့ UK Made ကျပ်သိန်း (၁၃၅၀)တန် Oxygen Plant စက်သစ်ကြီး ရောက်ရှိလာပြီဖြစ်ပြီး (၅)ရက်အတွင်းအပြီး တပ်ဆင်သွားမည်ဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း Oxygen များ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်သည်။
စဉ့်ကိုင်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်အဘိုးအဘွား များအားကိုဗစ် - ၁၉ရောဂါကာကွယ် ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 05,2021
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ဦးစားပေး အဆင့်အလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီမှ စတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ခံစွမ်းအားမြှင့်တင်ရေး အားကစားပုံမှန်လှုပ်ရှားပေး အစီအစဉ် ဆောင်ရွက်
Sep 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ခံစွမ်းအားမြှင့်တင်ရေး အားကစား ပုံမှန်လှုပ်ရှားပေး အစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက အလယ်ပိုင်းရပ်ကွက် မြို့နယ်အ​ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
နောင်ချိုမြို့တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။