သတင်းများ

ပလောက်မြို့၊ ခန္တီကျေးရွာအုပ်စုတွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Sep 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ခန္တီကျေးရွာအုပ်စုတွင် သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ နှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က ခန္တီကျေးရွာ ၊ ရွာဦးကျောင်း၊ ဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ် ပဲခူး- စစ်တောင်းတူးမြောင်းအတွင်းသို့ ငါးသယံဇာတဖူလုံစေရေးအတွက် ငါးမျိုးစိတ်ကောင်ရေ (၃)သိန်း စိုက်ထည့်
Sep 05,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန် ၊ ငါးမျိုးပြုန်းတီးမှု လျော့ပါးစေရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှုဖူလုံစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် စက်တင်ဘာ ၅ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း ငါးမျိုးစိတ်ကောင်ရေ (၃)သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် ဒုတိယအကြိမ် ထိုးနှံပေးရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေး
Sep 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ဒုတိယအကြိမ် ထိုးနှံပေးရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်မှ ညနေ (၄)နာရီအချိန်အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ မြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါ ကွင်းဆက်ဖြတ်တောက် ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင် သဏ္ဍာန်ဖြင့် ရပ်ကွက်များအတွင်းRTDဖြင့် ဆက်လက် ကွင်းဆင်းစစ်ဆေး
Sep 05,2021
ကော့သောင်းမြို့တွင် ရောဂါပိုးတွေ့ရှိမှုများပြားသည့် ရပ်ကွက်များအတွင်း ကိုဗစ်၁၉ရောဂါ ကွင်းဆက် ဖြတ်တောက်ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင်သဏ္ဍာန်ဖြင့် ရပ်ကွက်များအတွင်း RTD ဖြင့်လိုက်လံ စစ်ဆေးဖေါ် ထုတ်လျက်ရှိရာ စက်တင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ အေးရိပ်ငြိမ် ရပ်ကွက်၊ ပုလဲလမ်းတွင် လမ်းထွက်သွားလာနေကြသည့် မြို့နေပြည်သူများအား ရှောင်တခင်ကွင်း ဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ပင်လောင်းမြို့နယ် အ.ထ.က(၂)၌ ဦးစားပေးအုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ဦးစားပေးအုပ်စုတွင်ပါဝင်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကိုစက်တင်ဘာ ၅ ရက် နံနက် ၁၀နာရီက အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂)ခန်းမဆောင်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ကျိုက်လတ်မြို့နယ်၊ တပေတမော့ ကျေးရွာ စပါးခင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ
Sep 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မှမြို့နယ်အတွင်း ငါးသယံဇာများ ရေရှည်စဉ်ဆက်မပြတ် ပေါများစေရန်၊ ငါးမျိုးပြုန်းတီးမှုလျော့ပါးစေ‌ရေး၊ ဒေသနေ ပြည်သူများ ရိက္ခာဖူလုံစေရေးနှင့် ငါးစားသုံးမှုမြင့်မာစေရေး တို့ကိုရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက် (၉) နာရီကတပေတမော့ ကျေးရွာအုပ်စု ရှိစပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ပွဲကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီခန့်က ဆီဆိုင်မြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ချောက်မြို့နယ် ပခန်းငယ်ကျေးရွာရှိ မျိုးကောင်းမျိုးသန့် ပြန့်ပွားရေးခြံမှ မျိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ချောက်မြို့ရေဘေးရှောင် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲအခမ်းအနားတက်ရောက်
Sep 05,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယနေ့နံနက် ၉ နာရီ အချိန်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပခန်းငယ်ကျေးရွာရှိ မျိုးကောင်းမျိုးသန့် ပြန့်ပွားရေးခြံမှ မိုးစပါး စိုက်ပျိုးထားရှိမှုနှင့် ချောက်မြို့နယ်ရေဘေးရှောင် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။