သတင်းများ

ကျိုက်မရောမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်း(အငယ်တန်း)ဖွင့်ပွဲကျင်းပ
Jun 30,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ကြီးမှူး​ကျင်းပသော ယဉ်ကျေး လိမ္မာသင်တန်း(အငယ်တန်း)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၈နာရီက ကျိုင်မရောမြို့ ရသေ့ကျောင်းတိုက်ဓမ္မာရုံ၌ကျင်းပရာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
မိတ္ထီလာမြို့ စျေးအရှ့ပြင်ရပ်ကွက် အမှတ်(၂) ရဲစခန်းမြောက်ဘက် လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်
Jun 30,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် စျေးအရှ့ပြင်ရပ်ကွက် အမှတ်(၂)ရဲစခန်းမြောက်ဘက် လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ကြက်မင်းတွန်ရပ်ကွက်မှ ဇော်ဂျီမြစ်အတွင်းသို့ ရေထုတ်သည့် အဆောက်အဦ(၃)ခုပြုပြင်
Jun 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် မေ(၁)ရက်နေ့က ဇော်ဂျီမြစ်ရေ ကြီးမှုကြောင့် ကြက်မင်းတွန် ရပ်ကွက်မှ ဇော်ဂျီမြစ်အတွင်းသို့ ရေထုတ်သည့် အဆောက်အဦ(၃)ခု ပျက်စီးခဲ့ရာ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ယူပြီး ဇွန်(၂၀)နေ့မှ စတင်ကာ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးသည့် Ever Green Grass စိုက်ပျိုးမှုဆိုင်ရာ သင်တန်းဖွင့်လှစ်
Jun 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ထွက်နှုန်းကောင်းပြီး အဟာရတန်ဖိုး မြင့်မားသည့် တိရစ္ဆာန်အစာပင်မျိုးများကို စိုက်ပျိုးကျွေးမွေးခြင်းဖြင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုး တက်လာစေရန်၊ မွေးမြူရေးလုပ်ငန်းတွင် အစာအတွက် ကုန်ကျစရိတ် လျော့ချနိုင်ပြီး မွေးမြူရေး သမားများ အကျိုးအမြတ် ပိုမိုရရှိစေရန်နှင့် တိရစ္ဆာန်အစာပင် ဈေးကွက် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးသည့် Ever Green Green စိုက်ပျိုးမှုဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပျဉ်းမပင် နို့စားနွား မွေးမြူရေး သုတေသနနှင့် သရုပ်ပြခြံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign လှုပ်ရှားမှုများ ဆောင်ရွက်
Jun 30,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်၊ ကူးစက်ပျံနှံမှု ကင်းဝေးစေရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် Mask တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၆ အချိန်က မြို့မစျေးရှေ့လမ်းဆုံ၊ စည်ပင်သာယာမြို့မစျေး စျေးရောင်း စျေးဝယ်သူများနှင့် လူစည်ကားရာ နေရာများတွင် Mask Campaign လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaign ဆောင်ရွက်
Jun 30,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီက အောင်လံမြို့ ပြည်လမ်း အ-ထ-က(၁)ကျောင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ၂ ဦးထပ်မံတွေ့ရှိ
Jun 30,2021
နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အမျိုးသမီးတစ်ဦးနှင့်အမျိုးသား တစ်ဦးတို့သည် H.Q ထားရှိရာမှ အနံ့မရရှိသဖြင့်ပြည်သူ့ဆေးရုံတွင် သွားရောက်၍ ကိုဗစ်-၁၉ ပိုးရှိ/မရှိစစ် ဆေးနိုင်ရန် ၎င်းတို့၏ Swab များရယူကာမန္တလေးမြို့ ပြည်သူ့ ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာန သို့ ပေးပို့ထားရှိပြီး ၎င်း(၂)ဦးအား H.Q ထားရှိကြောင်းသိရသည်။
မအူပင်မြို့တွင် ၂၀၂၁ ခုနှစ် အားကစားဖွံဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)ဖြင့် ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jun 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ မြို့နယ် အားကစားဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်(TSDP)အရ ကျင်းပပြုလုပ်သော အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန် အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ စားပွဲတင်တင်းနစ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။