နွားထိုးကြီး၊ ဇွန် ၃၀
နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အမျိုးသမီးတစ်ဦးနှင့်အမျိုးသား တစ်ဦးတို့သည် H.Q ထားရှိရာမှ အနံ့မရရှိသဖြင့်ပြည်သူ့ဆေးရုံတွင် သွားရောက်၍ ကိုဗစ်-၁၉ ပိုးရှိ/မရှိစစ် ဆေးနိုင်ရန် ၎င်းတို့၏ Swab များရယူကာမန္တလေးမြို့ ပြည်သူ့ ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာန သို့ ပေးပို့ထားရှိပြီး ၎င်း(၂)ဦးအား H.Q ထားရှိကြောင်းသိရသည်။
အဆိုပါအနံ့ပျောက်(၂)ဦးအား Swab များရယူ၍စစ်ဆေးမှုအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် ၎င်းတို့(၂)ဦးအား နွားထိုးကြီးမြို့၊ပြည်သူ့ဆေးရုံရှိ အထူးဆေးကုသဆောင်တွင်ထားရှိ ဆေးကုသမှုခံယူ လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၂)ဦးနှင့်ထိတွေ့ဆက်စပ်ခဲ့သူ (၃)ဦးကို စစ်ဆေးဖော်ထုတ်ပြီး နွားထိုးကြီးမြို့၊ ဘိုးဘွားရိပ်သာတွင် FQ ထားရှိခဲ့သည်။ နွားထိုးကြီး မြို့တွင်
ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၂၂ )ဦးရှိပြီး သေဆုံးမှုမရှိကြောင်းသိရသည်။
သန်းအောင်ဇော်