သတင်းများ

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာအသစ် ၂ ဦး ၊ ထန်တလန်မြို့တွင် ၁၇ ဦး ထပ်မံတွေ့ ရှိ
Jun 30,2021
ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့များတွင် ဇွန်လ ၂၉ ရက်နေ့တွင် ဒေသခံပြည်သူ ( ၄၀ ) ဦးစီ Test Kid ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာ ဟားခါးမြို့တွင် ၂ ဦး ၊ ထန်တလန်မြို့တွင် ၁၇ ဦး ပေါင်း ၁၉ ဦးထပ်မံတွေ့ ရှိကြောင်း သိရသည်။
ရေဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေး စာဖတ်ဝိုင်းကျင်းပ
Jun 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် ရုံးဝင်းအတွင်း ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မလှိုင်မြို့နယ် ထွေ/အုပ်၀န်ထမ်းစိုက်ခင်းများ ပေါင်းမြက်ရှင်းလင်း
Jun 30,2021
မန္တလေးတိုင်းဒေသကြီး၊မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း စိုက်ပျိုးထားသော တစ်ပိုင်တစ်နိုင် ဟင်းသီး ဟင်းရွက်စိုက်ခင်းအား စုပေါင်း ပေါင်းမြက်ရှင်းလင်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်ကအဆိုပါ စိုက်ခင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ညောင်ရွှေမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး Quarantine Centre ပြင်ဆင်ဆောင်ရွက်
Jun 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေးလုပ်ငန်း အတွက်  Quarantine Centre နေရာကို မြို့မရန်ကုန်ကျောင်းတိုက်အတွင်းရှိ ပတ္တမြားရတု သုံးထပ်စာဖြေဆောင်၌ ယမန်နေ့ နေ့လည်ပိုင်းတွင် ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။  
မင်းဘူးမြို့နယ်၌ ဦးဩဘာသလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်
Jun 30,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် ( ၃ ) ရပ်ကွက်ရှိ ဦးဩဘာသလမ်းကို ယမန်နေ့ မနက် ၈ နာရီအချိန်က ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြိတ်မြို့ မီးဘေးတားဆီးရေးလုပ်ငန်းအတွက် မီးငြှိမ်းသတ်ရာတွင် ရေအလွယ်တကူရရှိရန် ရေကန်များ အား ကြည့်ရှုစစ်ဆေး
Jun 30,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးဘေးတားဆီးနိုင်ရေးအတွက် မီးလောင်မှုများဖြစ်ပွားလာပါက ရေအလွယ်တကူရရှိပြီး မီးငြှိမ်းသတ်ယာဉ်များ လွယ်ကူလျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန် ရည်ရွယ်၍ ကလွင်ကျေးရွာ၌ ရေအလွယ် တကူရရှိနိုင်သည့် ရေကန်များအား ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၈ ဦးရှိပြီဖြစ်
Jun 30,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြို့မမြောက် ရပ်ကွက်နေ အသက်(၃၃)နှစ်အရွယ် မူလတန်းပြ အမျိုးသမီး တစ်ဦး ၊ အသက်(၃၆)နှစ်အရွယ် အလယ်တန်းပြ အမျိုးသမီး တစ်ဦး ၊ အသက် (၄၇)နှစ် အရွယ် အမျိုးသားတစ်ဦး တို့ သည် ဖျားနာ ၊ ခေါင်းဆိုး၊ အသက် ရှုကြပ်ပြီး ဇွန် ၂၉ ရက်နေ့တွင် မောင်တောပြည်သူ့ဆေးရုံသို့ လာရောက်ပြသ၍ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ တွေ့ရှိ သ ဖြင့် Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၊ ထပ်မံ၍ ဇွန် ၂၈ ရက်နေ့ နှင့် ဇွန် ၂၉ ရက်နေ့တွင် ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ဆက်စပ်သူ မိသားစုဝင် များအား Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ အသက်(၆၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊အသက်(၄၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၁၃)နှစ် အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၆၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊အသက် (၃၉)နှစ်အရွယ် အမျိုးသမီး တစ်ဦး ၊ အသက်(၆)နှစ်အရွယ် အမျိုးသားတစ်ဦး ၊ အသက်(၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက် (၅)လ အရွယ် အမျိုးသားတစ်ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရာ ဇွန် ၂၉ ရက်နေ့တွင် ထပ်မံ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၂) ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းခရိုင်ကိုယ်စားပြု အောင်ပွဲရ အမျိုးသား/ အမျိုးသမီး ဖူဆယ်အသင်းများအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ပွဲ ကျင်းပ
Jun 30,2021
၂၀၂၁ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးဖလား ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆု ရရှိခဲ့ကြသော စစ်ကိုင်းခရိုင် ကိုယ်စားပြု အမျိုးသား/ အမျိုးသမီး ဖူဆယ်အသင်းများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၄) နာရီခွဲက စစ်ကိုင်းနှစ်(၇၀၀)ကွင်းရှိ ဖူဆယ်ပြိုင်ပွဲရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။