လဟယ်မြို့တွင် အပြင်ထွက်လျှင် Mask မတပ်သူများအား ယခု၀ယ်အခုတပ်စနစ်ဆောင်ရွက်
Jun 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် Mask မတပ်ဘဲအပြင် ထွက်သွားလာသူများကို ယနေ့ နံနက် (၉)နာရီအချိန်မှစ၍ လဟယ်မြို့ လမ်းဆုံ၌ နှာခေါင်းစည်း Maskတစ်ခုလျှင် (၅၀၀)ကျပ်နှုန်းဖြင့်ဒဏ်ရိုက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။