ပန်းတောင် ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာတွင် Facilities Quarantine Centre တွင် Quarantine ဝင်နေသူများအတွက် အလှူငွေများကို ယမန်နေ့ နံက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဦးစီးမှူး AE ဦးသက်အောင်သန့် မိသားစုမှ အလှူငွေ ၅၀၀၀ဝိ/-၊ မြို့နယ်ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဌေး+ဒေါ်စန်းစန်းမော် မိသားစုမှ Mask၊ အရက်ပျံ ၅ ဘူးနှင့် အလှူငွေ တစ်သိန်းကျပ်၊ နေ့စဉ်လိုအပ်သော သောက်ရေများ လှူဒါန်းပေးသည့် My သောက်ရေသန့်မိသားစု၊ Move သောက်ရေသန့်မိသားစုမှ ဥသျှစ်ပင် Facilities Quarantine Centre ကျောက်ဖူးသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။